Tuesday, December 16, 2008

မြန်မာနိုင်ငံရဲ့ ဆေးဝါးဈေးကွက်မှာ မှတ်ပုံတင်ထားတဲ့ ဆေးဝါးဖြန့်ချိရေး ကုမ္ပဏီပေါင်း၂ဝဝကျော် ရှိပါတယ်။ အဲဒီဆေးဝါးတွေကိုပဲ အတင်စနစ်၊ အထားစနစ်၊ လက်ငင်းစနစ်စတဲ့ စနစ်အမျိုးမျိုးနဲ့ ဝယ်ယူရမှာဖြစ်တဲ့အပြင် မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးစတဲ့ ဆေးဝါးလက်လီလက်ကား အရောင်းဆိုင်တွေကနေ ဝယ်ယူရမှာပါ။ ဆေးဝါးတွေကလည်း ရင်းနှီးပြီးသားဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား စတဲ့နိုင်ငံတွေက ဝင်ရောက်လာတဲ့ ဆေးဝါးတွေအပြင် ဘီပီအိုင်က MPF နဲ့၊ တိုင်းရင်းဆေးဝါးတွေကိုလည်း စုံလင်အောင် တင်ထားနိုင်ရင်တော့ စတင်လို့ရပါပြီ။ သတိထားရမှာက ဆေးဝါးဈေးကွက်မှာ ဆေးဈေးနှုန်းတွေ အတက်အကျ မတည်ငြိမ်နိုင်တာကြောင့် ဈေးကွက်ကို လေ့လာဖို့ လိုတယ်ဆိုတာပါပဲ။
"ကျွန်တော်ကတော့ ဆေးရောင်းရတာ၊ ဆေးပေးရတာ ဝါသနာပါလို့လား မသိဘူး ဒီအလုပ်ကို သဘောကျတယ်ဗျာ့၊ လူတွေကိုလည်း တကယ့်ကို စေတနာနဲ့ ဆက်ဆံဖြစ်တယ်၊ ဆေးတွေဆိုရင်လည်း အမြတ်အစွန်းနည်းနည်းပဲ ယူတယ်။ ကျွန်တော့်ဆိုင်မှာ ဖောက်သည်ဖြစ်သွားပြီဆိုရင် တခြား ဘယ်ဆိုင်မှ မသွားတော့ဘူး" လို့ ကိုသိန်းနိုင်က ဆိုပါတယ်။
သူ့ရဲ့ပြောပြချက်တွေထဲမှာ သူ့အလုပ်ကို သူတန်ဖိုးထားလေးစားတဲ့ သဘောတရားတွေ ပါဝင်နေတာကို ရိပ်စားမိပါတယ်။ သူဟာ ဆေးသုံးစွဲသူတွေရဲ့ အခြေအနေကို အမြဲဂရုတစိုက်နဲ့ လေ့လာတတ်တာလည်း တွေ့ရပါတယ်။ ဆေးဝါးဈေးနှုန်းတက်လာလို့ သုံးစွဲသူတွေ ဈေးနှုန်းဒဏ်ကို မခံနိုင်ကြတော့ဘူး ဆိုရင် သူက ဆေးကုမ္ပဏီတွေကို သူနဲ့ဖောက်သည်တွေအကြောင်း၊ ဈေးဝယ်တွေ အကြောင်းပြောပြပြီး ဆွေးနွေးပါတယ်။ ဆေးကုမ္ပဏီတွေက ဈေးနှုန်းချပေး လိုက်တယ်ဆိုရင်ပဲ သူဟာဝမ်းသာအားရနဲ့ ပျော်ပျော်ကြီး ဆေးရောင်းနေတော့ တာပါပဲ။
သူက ပြောပါတယ်။
"ဆေးတွေ ဈေးကျပြီဆိုရင် ကျွန်တော်တို့ ရောင်းလို့ဝယ်လို့လည်း ကောင်းတယ်၊ အလုပ်လုပ်ရတာလည်း ပျော်တယ်" တဲ့။
သင်ကော ကိုသိန်းနိုင်လို ဆေးဆိုင် တစ်ဆိုင်ဖွင့်ချင်ပါသလား။
သူတို့၏ရွေးချယ်မှု
သင်ဘယ်လိုလုပ်ငန်းမျိုးကို စိတ်ဝင်စားပါသလဲ
ငြိမ်းဆက်လင်း

No comments: