Tuesday, December 16, 2008

သင်ကော ဆေးဆိုင်တစ်ဆိုင် ဖွင့်ချင်ပါသလား

ငြိမ်းဆက်လင်း
ကိုသိန်းနိုင်ဆိုတာ "မိဘမေတ္တာ" ဆေးဆိုင်လေးထဲမှာ အမြဲ အလုပ်လုပ် နေတတ်တဲ့သူပါ။ သူဖွင့်ထားတဲ့ ဆေးဆိုင်လေးမှာ နိုင်ငံခြားဆေး အမျိုးမျိုးသာမက မြန်မာဆေးမျိုးစုံလည်း ရှိပါတယ်။ သူ့ဆိုင်လေးထဲမှာ အများသူငါ အိမ်သုံးဆေးဝါး အဖြစ် ဝယ်ယူသုံးစွဲတတ်ကြတဲ့ အဖျားပျောက်ဆေး၊ အားဆေးမျိုးစုံ၊ ချွဲသလိပ် ပျောက်ဆေးများ၊ အစာအိမ်ဆေးများ၊ နှလုံးဆေး၊ သွေးတိုးဆေးကစ အားလုံး စုံလင်နေတာ တွေ့မြင်ရပါတယ်။ အနည်းငယ်ဝတဲ့ သူ့အတွက်တောင် နေရာ မလောက်ချင်တော့အောင် ဆိုင်ထဲမှာ ဆေးတွေနဲ့ ပြည့်နေပါပြီ။ ဒါပေမယ့် သူကတော့ ချွေးတလုံးလုံးနဲ့ ရောင်းမြဲ ဝယ်မြဲပါပဲ။
ဆေးဆိုင်နဲ့ပတ်သက်ပြီး ဝါသနာပါတယ်ဆိုတာကတော့ ကြားရတာ ထူးဆန်းနေ သလိုပါပဲ။ လူအများစုက ဆရာဝန်သာဖြစ်ချင်ပေမယ့် ဆေးရောင်းရတာ ဝါသနာ ပါတယ်ဆိုတဲ့ သူကတော့ ရှားမှာပါ။

No comments: