Tuesday, December 16, 2008

ကွန်ပျူတာစာစီစာရိုက်နှင့်မိတ္တူလုပ်ငန်းလုပ်ချင်တယ်ဆိုရင်

ငြိမ်းဆက်လင်း
စတင်ရင်းနှီးမြှုပ်နှံမှု

စတင်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စာစီစာရိုက်ဖို့အတွက် ကွန်ပျူတာတစ်စုံ၊ မိတ္တူကူးစက်တစ်လုံးနဲ့ စတင်မယ်ဆိုရင် ငွေသိန်း၂ဝကစပြီး စတင်နိုင်ပါတယ်။ ဆိုင်ခန်းခမပါပါ။ ဆိုင်ခန်းခအတွက်လည်း ငှားမယ်၊ ဆောက်မယ် ဒါတွေကို ထည့်စဉ်းစားရမှာပါ။ ကွန်ပျူတာမှာလည်း အသစ်လား၊ အသင့်အတင့်လားဆိုတာ ကိုယ်နိုင်တဲ့ပမာဏပေါ်မှာမူတည်ပြီး စဉ်းစားရမှာပါ။ ဒီလုပ်ငန်းကိုတော့ အနည်းဆုံးဆိုင်ခန်းခမပါ ၁၅သိန်းနဲ့စတင်ကြပြီး ဆိုင်ခန်းခရော စက်ဖိုးအပါအဝင် ဆိုင်ခန်းအပြင်အဆင်ပါ ထည့်တွက်မယ်ဆိုရင်တော့ သိန်း၃ဝဝန်းကျင်လောက်ကုန်တယ်လို့ သိရပါတယ်။ တချို့ကလည်း ကွန်ပျူတာခန်းကို အအေးခန်းအဖြစ် ပြင်ဆင်ကြတာမျိုးရှိပါတယ်။ အကြမ်ဖျင်းခြုံပြောရရင်တော့ ငွေ သိန်း၂ဝကနေ ဆိုင်ခန်းအတွက်ပါ စဉ်းစားမယ်ဆိုရင် ငွေသိန်း ၅ဝဝန်းကျင်လောက်လိုအပ်ပါတယ်။

No comments: