Tuesday, December 16, 2008

သင်ဗီဒီယို၊ ဗီစီဒီ၊ ဒီဗီဒီအငှားဆိုင်ဖွင့်ချင်ပါသလား

ငြိမ်းဆက်လင်း
စတင်ရင်းနှီးမြှုပ်နှံမှုပမာဏ
အနည်းဆုံး ငွေငါးသိန်းလောက်နဲ့ စတင်နိုင်တဲ့လုပ်ငန်းပါ။ ဆိုင်ခန်းခမပါဘူးဆိုရင် ငွေငါးသိန်းနဲ့ စလို့ရပါတယ်။ ဆိုင်ခန်းငှားခရှိ လာမယ်၊ လမ်းမကြီးဘေးမှာ အပြင်အဆင် ကောင်းကောင်းနဲ့ စဖွင့်မယ်ဆိုရင်တော့ သိန်း၂ဝနဲ့ စကြတယ်လို့သိရပါတယ်။ လူနေအိမ်များတဲ့ ရပ်ကွက်တွေထဲမှာ သင့်တင့်တဲ့ဆိုင်ခန်းလေးနဲ့၊ သင့်တင့်တဲ့ အပြင် အဆင်မျိုးနဲ့ဆိုရင်တော့ ငွေငါးသိန်းနဲ့ လောက်ငှနိုင်ပါတယ်။ ဆိုင်သုံးဆိုင်ကို မေးကြည့်ရာမှာ တစ်ဆိုင်က ငွေသုံးသိန်းနဲ့ စတင်ခဲ့တယ်လို့ ဖြေကြားပြီး၊ နောက်တစ်ဆိုင်ကတော့ ရှစ်သိန်းလို့ ဖြေပါတယ်။ ဆိုင်ခန်းငှားခ တစ်နှစ်စာ ပါဝင်ပါတယ်။ လှည်းတန်းဈေး အနီးက ဆိုင်တစ်ဆိုင်ကတော့ တစ်ဆယ့်ငါးသိန်းနဲ့ လွန်ခဲ့သော သုံးနှစ်ခန့်က စခဲ့ပါတယ်လို့ ဖြေပါတယ်။

No comments: