Saturday, January 10, 2009

အဆိုးဆုံးလေယာဉ်ပြန်ပေး

၁၉၇၆ ခုနှစ်တုန်းက အောင်မြင်မှုမရှိဆုံးသော လေယာဉ်ပျံပြန်ပေးဆွဲဖို့ ကြိုးစားခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကျွန်မတို့ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်တွင်း ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ အဲဒီလူဟာ ခုံပေါ်ကထ သေနတ်ကို ဆွဲထုတ်ပြီး လေယာဉ်မယ်ကို ဆွဲခေါ်လိုက်ပါတယ်။
"ဒီထရွိုက် (Detroit) ကို မောင်းကြစမ်း" လို့ သူတောင်းဆိုတော့...
"ကျွန်မတို့ ဒီထရွိုက်(Detroit)ကိုပဲ သွားနေတာပါရှင်..." လို့ လေယာဉ်မယ်က ပြန်ဖြေလိုက်ပါတယ်။
"သြော်... ကောင်းတယ် ကောင်းတယ်..." လို့ ပြောပြီးတော့ သူ့နေရာမှာ ပြန်ထိုင်လိုက်ပါတော့တယ်...

No comments: