Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Sunday, May 3, 2009

ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း

  • (၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကို ဖွင့်ပေးထားပါက စကားဝှက်အသစ်ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။ အတက်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမ ဆွေမျိုး သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့ အနည်းဆုံး သုံးလတကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊ ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကို ဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ်ကို logout လုပ်ပြီး အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ် ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။
  • (၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ် ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့အခါ ဘယ်သူ ဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်းသူများအနေနဲ့ မိမိ သူငယ်ချင်း မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့ ဂျီတော့ခ် နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး လုပ်ကိုင် သင့်ပါတယ်။ မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊ ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက် သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကို နှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။
  • (၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင် ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက် စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့် ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့ ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နှာ လင့်ခ် များကို ဖွင့်ကြည့်ရာမှ ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့ လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။
  • (၄) တခါတလေ ဂူးဂဲလ် က ဆက်သွယ်လာတဲ့ ပုံစံမျိုးနဲ့ အီးမေးလ်စာ (သို့) ဂျီတော့ခ် က တဆင့် မိမိရဲ့အမည်၊ စကားဝှက် တို့ကို တောင်းယူတဲ့အခါ ထင်ယောင် ထင်မှားဖြစ်ပြီး မပေးပါနဲ့။ ဂူးဂဲလ် အနေနဲ့ သုံးစွဲသူများရဲ့ အချက်အလက်ကို တောင်းစရာမလိုဘဲ လိုအပ်ပါက သုံးစွဲသူများရဲ့ အချက်အလက်များကို အလိုအလျောက် ဝင်ရောက် ပြင်ဆင်နိုင်ပါတယ်။ သဘောတူညီချက်အရ ဘယ်တော့အခါမှ သုံးစွဲသူရဲ့ အမည်၊ စကားဝှက်များကို ဂူးဂဲလ် အနေနဲ့ တောင်းဆိုခြင်း၊ တခြား တယောက်ကို ပေးခြင်း မရှိပါ။ ဝင်ရောက် ပြင်ဆင် လုပ်ကိုင်ခြင်း မျိုးလည်း မရှိပါ။ တခါတလေ အောက်ဖော်ပြပါ ဂူးဂဲလ်တော့ခ် ပုံစံမျိုးနဲ့ သုံးစွဲသူ အမည်၊ စကားဝှက်တို့ကို တောင်းခံရယူပြီး မိမိ အချက်အလက်များကို ရယူတက်ပါတယ်။ သတိထား ရှောင်ရှားဖို့ လိုပါတယ်။
  • ဂျီတော့ခ် မှာ လုပ်သင့်တဲ့ အချက်များ

    ဂျီတော့ခ် (ဂျီမေးလ်တော့ခ်) မှာ မိမိပြောဆို ရေးခဲ့သမျှကို သိမ်းဆည်းထားနိုင်ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ပိုင် သုံးစွဲသူအမည်၊ စကားဝှက်တို့နဲ့ ဖွင့်မှ အီးမေးလ်စာများ နဲ့ သိမ်းထားတဲ့ စကားပြောမှတ်တမ်း (Your browser may not support display of this image. Chat) ကို ဖွင့်ကြည့်နိုင်ပါတယ် (ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အာဏာပိုင်များက မိမိ အင်တာနက် ဂျီတော့ခ် သုံးစွဲမှုကို စုံစမ်း စစ်ဆေးလို့ပါက အကြပ်ကိုင် အတင်း အဓမ္မ အမိန့်အာဏာနဲ့ ဖွင့်ယူကြည့်ခြင်းဖြင့် မိမိ ရေးပြောခဲ့တာများကို ဖော်ထုတ်နိုင်ပါတယ်)။ သိမ်းဆည်းထားတဲ့ စကားပြော မှတ်တမ်းကိုလည်း အီးမေးလ် စာဖိုင်များလိုပဲ တခြားတဦး တယောက်ဆီကို ပို့ပေးနိုင်သလို၊ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။

    အရေးပါ လျှိုဝှက်သင့်တဲ့ အချက်အလက်များကို စကားပြောမှတ်တမ်း (chat history) မှာ သိမ်းဆည်းထားခြင်း မလုပ်သင့်ပါ။ ဒီအတွက် အာဏာပိုင်များ မိမိပြောဆိုခဲ့တာကို ပြန်လည်ဖော်ထုတ် မကြည့်နိုင်ဖို့ စကားပြော မှတ်တမ်းကို အောက်ပါ အတိုင်း ပြင်ဆင်သင့်ပါတယ်

    ဂျီမေးလ် (ခ) ဂူးဂဲလ်မေးလ်
    • (၁) ဂျီမေးလ် အီးမေးလ် ကို ဖွင့်ပါ။
    • (၂) အပေါ်ဖက်ပိုင်းရှိ settings ကို ဖွင့်ပြီး Chat ကို နှိပ်လိုက်ပါ။
    • (၃) Chat စာမျက်နှာမှာ Select 'Don't save chat history in my Gmail account' ကို ရွေးပြီး Save လုပ်ခြင်းဖြင့် မိမိပြောဆို ခဲ့တာတွေကို ဂျီးမေးလ်ထဲမှာ သိမ်းဆည်းထားခြင်း မရှိတော့ပါ။ အကယ်လို့ သိမ်းဆည်းလို့ပါက အထက်ပါအဆင့်အတိုင်း ပြန်သွားပြီး 'Save chat history in my Gmail account' ကို နှိပ်ပြီး Save လုပ်လိုက်ခြင်းဖြင့် မိမိ ပြောဆိုခဲ့တာတွေကို စကားပြော မှတ်တမ်း မှာ သိမ်းထားလိမ့်ပါမယ်။
    ဂျီတော့ခ် (ခ) ဂူးဂဲလ်တော့ခ်
    • (၁) ဂျီတော့ခ်ကို ဖွင့်ပါ။
    • (၂) မိတ်ဆွေသူငယ်ချင်းစာရင်း အထက်ပိုင်းရှိ Settings ကို နှိပ် Chat မှာ 'Don't save chat history in my Gmail account' ရွေးလိုက်ခြင်းဖြင့် မှတ်တမ်းသိမ်းဆည်းမှုကို ပိတ်ထားနိုင်ပါတယ်။ သိမ်းထားလိုပါက အထက်ပါ အဆင့်အတိုင်း လုပ်ပြီး 'Save chat history in my Gmail account' ရွေးလိုက်ပါ။ ပြီးနောက် OK လုပ်ပါ။
    မှတ်ချက်။ ။ မိမိဖက်က စကားပြော မှတ်တမ်းကို သိမ်းဖို့ မလုပ်ထားပေမယ့် တဖက် စကားပြောသူများက သိမ်းထားရင်လည်း မိမိတို့ စကားပြော မှတ်တမ်း အကြောင်းအရာ အချက်အလက်များကို သူတို့ မှတ်တမ်းမှ ရယူနိုင်ပါတယ်။ သူတို့ဆီမှာ မိမိ ပြောဆိုချက်များကို မတင်ကျန် မသိမ်းဆည်းလိုပါက မိမိအနေနဲ့ off the record ကို ရွေးချယ် သုံးသင့်ပါတယ်။

    Off the record လုပ်ထားခြင်းဖြင့် မိမိ စကားပြောမှတ်တမ်း နဲ့ ဆက်သွယ် ပြောဆိုသူများရဲ့ မှတ်တမ်းများမှာ မိမိတို့ ပြောဆိုချက်များ မတင်ကျန် သိမ်းဆည်းထားခြင်း မရှိတော့ပါ။ Off the record လုပ်ထားတာကို မိမိ နဲ့ ဆက်သွယ် စကားပြောသူများ သိနိုင်ပြီး မိမိ ဂျီတော့ခ်မှာ Off the record ဖြစ်နေတာကို အသိပေးတာကို တွေ့ရပါမယ်။

    Off the record လုပ်နည်း

    ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်း ညာဖက်ရှိ အောက်ဖက်ညွန်းမျှား (down arrow) ကို နှိပ်လိုက်ပြီး Go off the record ကို ရွေးချယ်လိုက်ပါ၊ ဂျီမေးလ်ချက်မှာတော့ ချက်ဘောက် (chat box) ရှိ Video & more မြားကလေးကို နှိပ်ဖွင့်ပြီး အထက်ဖက်ရှိ Off the record ရွေးချယ် လိုက်ရင် မိမိနဲ့ ဆက်သွယ်သူများရဲ့ ပြောဆိုချက်များကို သိမ်းဆည်းထားမည် မဟုတ်ကြောင်း သတိပေးချက်ကို ရရှိပါလိမ့်မယ်။ အကယ်၍ မိမိအနေနဲ့ ပြောဆိုချက် များကို သိမ်းဆည်းထားလိုပါက ဂျီတော့ခ် ဝင်ဒိုး အပေါ်ပိုင်းရှိ cancel (သို့) Options အောက်ရှိ stop chatting off the record ရွေးချယ် ပြောင်းလိုက်ပါ။

Friday, April 24, 2009

မော်စီတုံး၏ လေးစားဖွယ် စကားတစ်ခွန်း

“ တွံထွေးတစ်စက် ဗုံးတစ်ချက်...” တဲ့..။
တွံထွေးတစ်စက်မှာ ပါတဲ့ ရောဂါပိုးဟာ ဗုံးတစ်လုံးကြောင့် လူသေစေတာထက် ပိုဆိုးတယ်လို့
ပြောချင်တာပါ..။
ဒါကို နောက်တစ်မျိုး “ မော်စီတုန်း ” ကပြောခဲ့တယ်..။
မော်စီတုန်း သူ့နိုင်ငံကို ထိန်းသိမ်းမြှင့်တင်ရတဲ့အခါမှာ သူပထမဦးဆုံး မြင်မိတာက အလေအလွင့်....။
ဒီအလေအလွင့်တွေကြားထဲကမှ သူကြောက်စရာ အကောင်းဆုံးအလေအလွင့်ကို သူ့တရုတ်
နိုင်ငံသားတွေကို တင်ပြတယ်..။ အလွန်ရိုးစင်းလှ သလို အလွန်လဲ ထိရောက်ကြောက်မက်ဖွယ်ရာကောင်းတယ်..။
အဲဒီတုန်းက တရုတ်နိုင်ငံဟာ လူနေမှု အဆင့်အတန်း အရမ်းနိမ့်ကျနေပြီး စည်းကမ်းမရှိ ၊
အသိပညာမရှိ ၊ အတတ်ပညာ ချိုတဲ့နေတဲ့ အချိန်..
မော်စီတုန်းက ဒီလိုပြောပြတယ်..။
“ ဟုတ်ပြီ...ကျွန်တော်တို့ ဒီလိုစဉ်းစားရအောင်....။
ကျွန်တော်တို့ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုပါစို့...။
ထမင်းတစ်စေ့ဆိုတာ ဆန်တစ်စေ့ပဲပေါ့..။
ကျွန်တော်တို့အားလုံးဟာ ထမင်းတစ်ခါစားတိုင်း ထမင်းတစ်စေ့ ကျန်တယ်ဆိုရင်
တရုတ်ပြည်မှာ လူဦးရေ ဘယ်နှစ်ယောက်ရှိလဲ...ပြော...။
လူဦးရေ...သန်း ၂၀၀၀ ရှိတယ်လေ..။
လူတစ်ယောက်က ထမင်းတစ်ခါစားတိုင်း ဆန်တစ်စေ့ ကျန်တယ်ဆိုရင်
လူ သန်း ၂၀၀၀ အတွက် ဆန်အစေ့ ၂၀၀၀ ပေါ့..။
ဆန်အစေ့ ၂၀၀၀ ကို ပြန်တွက်ကြည့်ပါ..။ ဆန်ဘယ်နှစ်ပြည် ရမလဲလို့..။
ဒီရလာတဲ့ ဆန်ကို လူဘယ်နှစ်ယောက် ပြန်စားလို့ရမလဲ...။
ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ ထမင်းစားရင် ထမင်းတွေ တစ်စေ့မကကျန်တာ မဟုတ်လား..။
နေ့စဉ် လူ ဘယ်နှစ်ယောက်ထမင်းစားနိုင်တဲ့ ဆန်တွေ ဘာလို့ အလေအလွင့်အဖြစ်
လွှင့်ပစ်နေပါသလဲ..။
နောက်ထပ် ဆက်တွေးကြည့်ပါ..။
ကျွန်တော်တို့ လွှင့်ပစ်လိုက်တဲ့ ထမင်းတွေ မြေကြီးပေါ်ကျတယ်ဆိုရင် ပုရွက်ဆိတ်လာမယ်..။
ယင်ကောင်လာမယ်..။ ယင်ကောင်က တဆင့် လောက်တွေပေါက်မယ်..။ ယင်ကောင်နဲ့ ပုရွက်ဆိတ်
ကိုစားတဲ့ အိမ်မြှောင် နဲ့ဖားက ပေါက်ပွားလာမယ်..။ ဒါနဲ့ အိမ်မြှောင် နဲ့ ဖားကိုစားတဲ့ မြွေ လို သတ္တ၀ါ
တွေ ပိုပေါလာမယ်..။ ဒါဆို မြွေကိုစားတဲ့ မြွေပါ လို သတ္တ၀ါတွေ ထပ်ရောက်လာမယ်..။
နောက်..နောက် .....ဆက်တွေးကြည့်ပါ..။
ပြီးတော့ ရောဂါပိုးတွေ ပွားလာမယ်..။ ရောဂါတွေ ဖြစ်လာမယ်..။ ကပ်တွေဖြစ်လာမယ်..။
ဒါတွေ အားလုံးဟာ ဘယ်ကစလဲ..။
ဘာမဟုတ်တဲ့ ထမင်းစားရင် ပိုတဲ့ ထမင်းလုံးလေးတစ်လုံးက စတာ မဟုတ်ဘူးလား..။
ဒီ ထမင်းလုံးလေးကို ပါးစပ်ထဲထည့်လိုက်တာ နဲ့ အပြင်ကိုလွှင့်ပစ်တာ ပြဿနာက ဒီလောက်
တောင်မှ ကွာပါတယ်..။
ဒါကြောင့် ထမင်းတွေ ပိုနေမယ်ထင်ရင် လျော့ချက်ပေါ့....။
နို့မို့ရင် နေလှန်း ထား ထမင်းခြောက် ပြန်ကြော်စားလို့ရတယ်လေ...။ ”

မော်စီတုန်း၏ ဘ၀မှတ်တမ်း..မှ...

ကျွန်တော်တို့ မြန်မာနိုင်ငံမှာဗျာ...။ တောရွာတွေမှာပေါ့...။
“ ဟဲ့..ထမင်းတွေပိုနေရင် နောက်ဖေးပက်လိုက်လေ...ကြက်တွေစားရတာပေါ့...၊” ဆိုတာမျိုးတွေ
အများကြီးပါ..။
ပြီးတော့ တချို့ရှိတယ်ဗျ..။ ထမင်းကို ကုန်အောင်မစားပဲ နည်းနည်းချန်ထားတတ်တယ်လေ..။
ကျွန်တော်ကျောင်းသားဘ၀တုန်းက သူငယ်ချင်း က ကင်တင်းတိုင်ရင် အမြဲဒီလိုပဲ...။
စားလိုက်ရင်လဲထမင်းပေါင်း...။ စားပြီးရင် နည်းနည်းအမြဲချန်ထားတတ်တယ်..။ ကျွန်တော်က မနေနိုင် မထိုင်နိုင် မေးတော့ “ ပန်းကန်စောင့်နတ်အတွက်..” တဲ့လေ..။
“ ဟာ...နင့်ဟာက မဟုတ်တာ ပန်းကန်စောင့်နတ်အတွက်ဆိုရင်လဲ အရင်ကျွေးပေါ့..။
ခုတော့ မဟုတ်တာ ...။” ဆိုပြီး ကျွန်တော် ဒီအကြောင်းအရာလေး ပြောပြမှ
သဘောပေါက်ပြီး နောက်မချန်တော့ဘူး..။
(ပန်းကန်စောင့်နတ်ကတော့ ကျွန်တော်ကို ကျိန်ဆဲနေမှာပဲဗျာ......ဟီး ...။)

Saturday, March 28, 2009

သွေးပိုင်ရှင်များအကြောင်း

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့
သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို
စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်
အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်
အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင်
အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်
အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ
လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်
မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့
လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်...
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ
အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း
နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့်
ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်
မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်...
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့
စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်...
ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက်
ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို
ဆက်လက် တင်ပြသွားပါဦးမည်...

အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .

.အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့ ဒီကနေ့တော့
ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့ လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက်
ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့ အေသွေးအတွက် ပေါ့နော်။

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့ ရာခိုင်နှုန်းကတော့ ၇၀%
ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ
ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း
အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက
သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ
ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကို
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့ အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက
အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့ ထူးခြား ဆန်းကြယ်မှုကို
အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးများက
အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက်
ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။ ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။
ဘီသွေးပိုင်ရှင်များအကြောင်း
ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့
လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့
လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့်
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့
ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ... ကိုယ်သဘောကျတဲ့
အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်... ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့...
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့
ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့
အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်...
မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း
မနှစ်သက်တတ်ကြပါဘူး... ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး
လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့် သတိပြုစရာ
တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို
ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်
သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း
ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက်
အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့...
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း
ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

ဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး
ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို
ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်း
ရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း နားလည်မှုရှိပြီး
လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့ သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊
လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း မပြောလောက်ဘူးလို့ ထင်နိုင်တဲ့
စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေးစုံတွဲ ဖြစ်တာက များပါတယ်တဲ့။
ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့ စိုးရိမ်ရလောက်တဲ့ အထိပါပဲ။
ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေတတ်တဲ့ အတွက် ဒီအတွဲ
အဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ် ဖြစ်သွားနိုင်သလို အချင်းချင်း
စိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း
သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့ အိုသွေးမိန်းကလေးများရဲ့
လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။
ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့ တူညီချက်ကတော့ အမြဲတမ်း
ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့်
ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ ပူပင်သောကမှန်သမျှကို မေ့ပြီး
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်
ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်
ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကို
အဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့
စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြသဲကြတဲ့ အတွဲလည်း
ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့
အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေးများကတော့
အေဘီသွေးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း ပျော်ရွှင်နေတတ်ပါတယ်။
ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးက
ချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးတွေကတော့
အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့ ယောင်္ကျားများကို
သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား အဆက်မပြတ်ပြောချင်တတ်ပေမယ့်
တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်း
အများဆုံးပါပဲ။
အိုသွေးပိုင်ရှင်များအကြောင်း
ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့
စရိုက်သဘာဝက ထူးခြားပါတယ်...
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့
သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်
နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ
ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို
စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့
လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ
လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို
အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း
ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...
ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း
ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်...
အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်...
တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး
သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား
ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့...
တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို
ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ

အို-အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင်
မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို
ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လို
အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့်ဆိုရင်တော့
အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်း
နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့
အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။
အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း
ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့
ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်
မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ယောင်္ကျားတစ်ယောက်လို့
ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့
ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့
စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့
အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့ မိန်းကလေးမျိုးကို လိုလားသလို
အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။
ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့ မိန်းကလေးကြားမှာ
မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း
ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။ လမ်းမှာ သူတောင်းစားများ
တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့ ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး
အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို-အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့
အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ
သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား
ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။
ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။
အေဘီသွေးပိုင်ရှင်များအကြောင်း
အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး
မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့
အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို
လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက
အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း
ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်
နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့
အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်
ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို
နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့
လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး
သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ
အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ
ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို
အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး
သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း
ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက
ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း
မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို
အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ
မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...
ဆက်လက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို တင်ပြပေးသွားပါဦးမယ်..

အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

အေဘီ-အေ (၆၅%)

ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ ခြောက်ကပ်သွားတော့တာပါပဲ။
စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့
စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကို
နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက တခြား
ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံးဝ
ပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့
အေဘီသွေးယောင်္ကျားလေးတွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့
အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကို
ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ
ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။
အေဘီ-ဘီ (၉၀%)

အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက ဘီသွေးမိန်းကလေးများကို
ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့
စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးမိန်းကလေးများက
အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်း
မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။
ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး
ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့
အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။

အေဘီ-အို (၃၀%)

အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း
ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။
အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့
တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့ အေဘီသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည်း
ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)

အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း
အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့
သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။
နှစ်ယောက်စလုံးက စဉ်းစားဥာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို
နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့
အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။
(ပို့ပေးတဲ့ ..ဌေးဌေး ကို ကျေးဇူးပါ)

Monday, February 16, 2009

Myanmar Instant Messenger(Mtalk)

  • Account တစ်ခုကိုလျင်မြန်စွာ လုပ်နိုင်ပါမည်။
  • Mtalk ကိုလွယ်ကူစွာ Setup လုပ်နိုင်ပါမည်။
  • မည်သည့် OS တွင်မဆို Install လုပ်လို့ရနိုင်ပါမည်။
  • Mtalk Server ကိုပြည်တွင်းမှာပဲထားခြင်းကြောင့် ပိုမိုမြန်ဆန်စွာအသုံပြုနိုင်မည်။
  • နောင်တွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့်မြန်မာတယ်လီပို့တို့နှင့် ညှိနှိုင်းကာ မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီပို့တို့၏ Email သုံးစွဲသူများကို Account အသစ်ဖန်တီးစရာမလိုဘဲ မိမိရှိပြီးသား အီးမေးလ်လိပ်စာ၊ Password တို့ကို အသုံးပြု၍ Mtalk ကိုသုံးနိုင်အောင်စီစဉ်နေပါသည်။

Mtalk user အသစ်ပြုလုပ်ခြင်း

http://www.myanmartalk.net/

Thursday, February 12, 2009

သစ်သီးဝလံများနှင့် သင့်ကိုယ်ရည်ကိုယ်သွေး

ပန်သီး
သင်ဟာ စဉ်းစားတွေးခေါ်သူ၊ လေးနက်သူဖြစ်တယ်။ ဇဝနဥာဏ်ရွှင်ပြီး လိမ္မာပါးနပ်ကာ နိုးကြားဖျတ်လတ်တယ်။ သင်ဟာ ထိပ်ဆုံးတက်ဖို့ ပြဿနာမရှိဘူး။ အထူးသဖြင့် လုပ်ငန်းခွင်မှာပေါ့။ သင်ဟာ မိတ်ဖွဲ့ရတာကိုကြိုက်ပေမဲ့ ကိုယ်ပေါင်းသင်းမယ့်သူကိုတော့ စိတ်ကြိုက်ရွှေးချယ်ချင်တယ်။ ဆန္ဒရမ္မက်ကိုထက် အသိဥာဏ်ပိုရှိတဲ့ ဘဝလက်တွဲဖော်ကို သင်လိုလားတယ်။
ငှက်ပျောသီး
သင်ဟာ စိတ်ပျောပျောင်းသူဖြစ်တယ်။ သိမ်မွေ့ယဉ်းကျေးသူတယ်။ နွေးထွေးတယ်။ နှလုံးသား နူးညံ့ပြီး သနားကြင်နာတတ်တယ်။ သင့်ရဲ့ အေးဆေးတဲ့စိတ်ကြောင့် သင့်ကို အသုံးချချင်တဲ့လူတွေဆီမှာ အညံ့ခံရတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်းပြီး ကြောက်တတ်သူဖြစ်ကောင်းဖြစ်မယ်။ သို့တစေ အဆင်ပြေတဲ့ ဆက်ဆံရေးတွေကို သင်နှစ်ခြိုက်ပါတယ်။
ချယ်ရီသီး
သင်ဟာ ငွေရေးကြေးရေးအရရော ၊ အသက်မွေးဝမ်းကျောင်းအရပါ မကြာခဏ အတက်အကျ ရင်ဆိုင်ရသူဖြစ်တယ်။ တီထွင်ဖန်တီးမှုကိစ္စတွေမှာ မကြာခဏ ပါဝင်ပတ်သက်တတ်တယ်။ သင်ဟာ သစ္စာရှိပြီး ရိုးသားဖြူစင်ပေမယ့် ခံစားချက်တွေကို အလွယ်တကူ အဖော်ပြဘူး။ သင့်အိမ်ဟာ သင့်ရဲ့ ကွန်းခိုရာဖြစ်တယ်။ သင့်မိသားစုနဲ့ သင့်ချစ်တဲ့ အဖော်ကြားမှာ နေထိုင်ရတာ သင်အနှစ်ခြိုက်ဆုံး ဖြစ်တယ်။
ဒူးရင်းသီး
သင်ဟာ အသုံးအဖြုန်းကြီးပြီး စိတ်လက်မာန်ပါလုပ်တတ်တယ်။ ပွင့်လင်းတယ်။ သင်ဟာ စည်းရုံးတတ်သူမဟုတ်ပေမဲ့ နှစ်လိုခင်မင်ချင်စရာ ကောင်းတယ်။ အသင်းအဖွဲ့ခေါင်းဆောင်ပီသတယ်။ သင်ဟာ ခရီးသွားရတာကို အလွန်ကြိုက်တယ်။ ရှင်သန်ရတဲ့ဘဝကို တက်ကြွစွာ ရင်ခုန်သူဖြစ်တယ်။ ဒေါသစိတ်ကလေးတော့ နည်းနည်းလျှော့ပါ။
သရက်သီး
သင်ဟာ လှေနံဓားထစ်သမားဖြစ်တယ်။ သင့်ကို လွှမ်းမိုးဖို့မလွယ်ဘူး။ သင်ကြိုက်တာတွေ၊ သင်မကြိုက်တာတွေနဲ့ ပက်သက်လို့ အစွန်းရောက်တယ်။ တစ်ခါတလေ အခြေနေကို ထိန်းချုပ် ချယ်လှယ်ချင်တယ်။ စိတ်ပိုင်းစိန်ခေါ်မှုရှိတဲ့ ကိစ္စမျိုး ပါဝင်ပက်သက်ရတာ သင်ပျော်တယ်။ သင်ဟာ သန်စွမ်းသူဖြစ်ပေမဲ့ သင့်ရဲ့လက်တွဲဖော်နဲ့ ယှဉ်ရင်တော့ ကြောင်ပေါက်စလေးဖြစ်သွားမယ်။
လိမ္ဓော်သီး
သင်ဟာ စိတ်ရှည်တယ်။ စိတ်စွမ်းအား ကောင်းတယ်။ အလုပ်ပင်းပန်းမှာ မကြောက်ဘူး။ အလုပ်ကိစ္စတွေကို ဖြည်းညှင်းစွာ လုပ်ချင်တယ်။ ဒါပေမဲ့ စေစပ့်သေချာတယ်။ သင်ဟာ ရှက်တတ်ပေမယ့် အားကိုးရသူဖြစ်ပြီး ယုံကြည်ထိုက်တယ်။ သင်ဟာ လျှပ်ပေါ်လော်လီသူ မဟုတ်ပေမဲ့ နှစ်နှစ်ကာကာ ချစ်တတ်သူဖြစ်တယ်။
သင်္ဘောသီး
သင်ဟာ အကြောက်တရားကင်းမဲ့ပေမယ့် သင်လုပ်ရမယ့်ကိစ္စတွေကို သေသေချာချာစဉ်းစားတယ်။ သင်ဟာ အလုပ်အကိုင်နဲ့ ပက်သက်လို့ ကိုယ်လိုတာ ရအောင်ယူတယ်။ အချိန်မှန်၊ နေရာမှန်ရောက်အောင် လည်းလုပ်တတ်တယ်။ သင်ရဲ့ဟာသဥာဏ်ကြောင့် ဆန့်ကျင်ဘက်လိင်တွေက သင့်ကို ပိုပြီး စိတ်ဝင်စားတယ်။
သစ်တော်သီး
သင်ဟာ စိတ်မတည်ငြိမ်သူ ဖြစ်တတ်ပြီး သင်စိတ်တက်ကြွစွာ စတင်တဲ့အလုပ်တစ်ခု ပြီးစီးအောင် လုပ်ဖို့ အခက်အခဲတွေ့တတ်တယ်။ သင်ဟာ ရလဒ်ကို ချက်ချင်းမြင်ချင်တာကြောင့်ပေါ့။ သင်ဟာ စိတ်လှုံ့ဆော်မှုကို ကြိုက်ပြီး ကောင်းသော ဆွေးနွေးမှုကို နှစ်သက်တယ်။ သင်ဟာ အလွယ်တကူ ရင်ခုန်တက်ကြွပြီး တစ်ခါတရံ စိတ်ဂနာမငြိမ် ဖြစ်တတ်ပါတယ်။
မက်မုံသီး
သင်ဟာ ရင်းနှီးဖော်ရွေပြီး ပွင့်လင်းတယ်။ အလွယ်တကူ သင့်ကို ခွင့်လွှတ် မေ့ပျောက်လို့ ရတယ်။ အမှီအခိုကင်းပြီး ရည်းမှန်းချက်ကြီးမားတဲ့စိတ်ဟာ သင့်ကို လိုတာရအောင်ယူတတ်သူဖြစ်စေတယ်။ သူများတကာရှေ့မှာ ဆန္ဒရမ္မက်ကြီးပုံ၊ ဒေါသကြီးပုံ မပေါ်စေတဲ့ သင်ဟာ သင့်ချစ်သူအပေါ်မှာ ရိုးသားပြီး သစ္စာရှိတယ်။ ခင်မင်ရင်းနှီးမှုတွေကို အထူးတန်ဖိုးထားတယ်။
နာနတ်သီး
သင်ဟာ လျှင်မြန်စွာ ဆုံးဖြတ်တတ်သူ၊ လျှင်မြန်စွာပြုမူတတ်သူ ဖြစ်တယ်။
ထူးကဲတဲ့ စည်းရုံးရေးစွမ်းရည်ရှိတယ်။ ကိုယ့်အားကိုယ်ကိုး သူးအများနဲ့ ဆက်ဆံရာမှာရိုးသားဖြူစင်သူဖြစ်တယ်။ အလွယ်တကူ မိတ်ဆွေမရတတ်ပေမယ့် ရတဲ့အခါကျတော့ အဲ့ဒီသူနဲ့ တစ်သက်လုံး ပေါင်းတယ်။ သင်ဟာ
အချစ်ရေးနဲ့ပက်သက်လို့ ဆွေးနွေးဖို့ကမ်းလှမ်းခြင်း ဘယ်တော့မှမလုပ်ဘူး။
စတော်ဘယ်ရီးသီး
သင်ဟာ သိမ်မွေ့ယဉ်ကျေးပေမယ့် ဒေါသကြီးတယ်။ အစုအဖွဲ့နဲ့ နေတတ်တဲ့ သင့်ရဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတယ်။ ဘဝအပေါ် စိတ်အားထက်သန်ခြင်းကြောင့် သင်ဘာလုပ်လုပ် ပျော်ရွှင်မှုရရှိတယ်။

Monday, February 2, 2009

နောင်တ ၁၀ မျိုး

၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာ မသင်ခဲ့မိလေခြင်း။

၂။ ဥစ္စာ မစုဆောင်းမိခဲ့လေ ခြင်း။

၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။

၎။ သူတပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။

၅။ သူတပါး၏ မယားကို ပြစ် မှားမိခဲ့လေခြင်း။

၆။ ဥစ္စာပစ္စည်း ရှိလျှက် မလှူမိခဲ့လေခြင်း။

၇။ ဆုံးမစကားကို နားမ ထောင်မိခဲ့လေခြင်း။

၈။ မိဘကို မလုပ်ကျွေး မိခဲ့လေခြင်း။

၉။ ပညာရှိထံ နည်းခံ၍ မသင်ကြား မိခဲ့လေခြင်း။

၁၀။ မြတ်သော အကျင့်ကို မကျင့်မိခဲ့လေခြင်း။

Wednesday, January 28, 2009

မိန်းမတို့၏ ညို့ချက် (၈)ချက်

1. တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။

2. တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။

3. တစ်ချို့မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရှေ့ရောက်ရင် ကြောက်ပြ၊
စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။

4. တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်လေး "လဇ္ဇ"လို့ခေါ်တယ်။

5. တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။
အဲ့ဒါကတော့ ညှို့ချက်နံပါတ်ငါး "မန္ဓ၀ါစာ"လို့ခေါ်တယ်။

6. မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။

7. မျက်ရည်ကျပြတာက ခုနှစ် "ရုဒါ"တဲ့။

8. မခံချင်အောင် စကားနာထိုးတာက ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။

ဘယ်ပညာရှိ သေချာလေ့လာထားလဲတော့မသိဘူး။ စိတ်ဝင်စားလို့ တင်လိုက်တာ ။
(တာရာမင်းဝေ) ထဲကပါ။
လွတ်အောင်တော့ ရှောင်ကြနော် အမောင်ယောင်္ကျားသားတို့ .... မရှောင်နိုင်ရင် ဂန့် မယ် ....

Tuesday, January 27, 2009

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်

၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။
၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
၅) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
၆) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။
၈) ဆေးလိပ်သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ်သောက်တတ်သူတွေ ကျွန်တော့် Blog ကို လာဖတ်ကြပါတော့မလားတောင် မသိဘူးး)) ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။
၉) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၁၀) မနက်စာမစားခြင်း

မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

ဘေးထွက်ဆိုးကြိုးမရှိတဲ့ ပိန်အောင်လုပ်နည်း

၁။မနက်စာအားများများစားပါ။
၂။နေ့လည် ၁၂း၀၀ မှ ၃း၀၀ အထိ ဘာမှမစားပါနှင့်။
၃။၃း၀၀ ကျော်ပါကကြိုက်နှစ်သက်ရာစားနှိင်သည်။
၎။ညစာအား၆း၀၀ မှ ၆း၃၀ အတွင်းစားပါ။
၅။၆း၃၀ကျော်ပါက အသီးအနှံမှလွဲပြီး ဘာမှမစားပါနှင့်။

ဘီလ်ကိတ်ပြောတဲ့ဘ၀ (၁၀) ခု

ကိုယ်တိုင်တော့ဘာမှမရေးတတ်ဘူးနော်။ သူများဟာကူးထားတာ။
ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

မှတ်ဥာဏ်တွေကောင်းမွန်စေမည့်နည်းလမ်းများ

(၁) လေထဲမှာ တိုက်အိမ်ဆောက်ပါ..။

...ကိုယ်ဖြစ်ချင်တာတွေ ၊ လုပ်ချင်တာတွေကို ကောင်းကောင်းသာ စိတ်ကူးယဉ် ကြည့်ပါ..။..စိတ်ကူးယဉ်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ကျေနပ်ပျော်ရွင်လာပြီး ဦးနှောက်ကြွက်သားတွေကိုပါ လေ့ကျင့်ခန်းလုပ်ပေးရာ ကြပါတယ်..။

( Roll Eyes၂) စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပါ..။
Hayy Hayy Hayy
...စိတ်ကူးထဲ ပုံဖော်ခြင်းဟာ မှတ်ဥဏ်တွေကောင်းဖို့ အတွက် အဓိကကျတဲ့ လေ့ကျုင့်ခန်းပါပဲ..။..ဥပမာ ပန်းအိုး ဒါမှမဟုတ် သစ်သီးဝလံတွေ ထဲ့ထားတဲ့ ပန်းကန်အ၀ိုင်းကို တနေရာထဲမှာ ထားပြီး စိုက်ကြည့်ပါ..။..ပြီးရင် မျက်လုံးကို မှိတ်လိုက်ပြီး သင့်ရဲ့ မှတ်ဥဏ်ထဲမှာ ခုဏက ကြည့်ထားတဲ့ အရာကို ပြန်ပုံဖော်ကြည့်ပါ..။..ကဗ္မာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီ ဟာ ဒီနည်းကို အသုံးပြုပြီး သူ့ ရဲ့ အံ့မခန်းဖွယ် စိတ်ကူးတွေကို မွေးမြူခဲ့တာဖြစ်ပါတယ်..။

auu(၃) ဆက်စပ်ကြည့်ပါ..။

...သင်တစ်ခုခုကို မှတ်ထားချင်တယ်ဆိုရင် အဲဒီအရာကို မှတ်ဥဏ်ထဲမှာ ပုံဖော်လိုက်ပြီး သင်မှတ်မိတဲ့ အခြားအရာတစ်ခုခု နဲ့ ဆက်စပ်ကြည့်လိုက်ပါ..။

Hayy(၄) ကျန်းမာအောင်နေပါ..။

...သင့်မှတ်ဥာဏ်စနစ်ရဲ့ အဓိကကျတဲ့ ဦးနှောက်ရှိ သန်းပေါင်းများစွာသော ဆဲလ်တွေဟာ အောက်ဆီဂျင်ကို များစွာလိုအပ်ပါတယ်..။..အောက်ဆီဂျင်ဟာ သင့်မှတ်ဥာဏ်စနစ်ရဲ့ အဓိကကျတဲ့ လောင်စာဖြစ်ပြီး စွမ်းအားတွေကို ထုတ်လုပ်ပေးပါတယ်..။..သင်ဟာကျန်းမာလေလေ သင့်မှတ်ဥာဏ်ကောင်းလေလေပါပဲ..။

Huh?(၅) သတိရဖို့ မမေ့ပါနဲ့..။

...သင်တစ်ခုခုကို မှတ်မိချင်ရင် မှတ်မိချင်တဲ့အရာကို မှတ်မိလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချထားရင် သင့်ရဲ့စိတ်က သင်ဆုံးဖြတ်ချက်ချထားသလို သတိရနေပါလိမ့်မယ်..။

..ဒေါက်တာနုမြတ်..

Sunday, January 18, 2009

ထူးခြားဆန်းပြားသောကျောင်းတော်ရာဘုရားမှငါးကြီးများ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ၊ ကျောင်းတော်ရာ ဘုရားရှိအထင်ကရ အမှတ်အသားတစ်ခုကတော့ ငါးကြီးများ လာရောက်
ဖူးမျှော်ခြင်းပါ။ ထူးခြားချက်အချို့ကိုရှင်းပြလိုပါတယ်။
သမိုင်းနောက်ခံ
ဘုရားရှင်တော် သီတင်းသုံးဖို့ စူဠပုဏ္ဏ ကုန်သည်ဟာ ဆန္ဒကူးသစ်များကို ခုတ်လှဲပြီးမုန်းချောင်းအတိုင်း မျှောလာခဲ့
ပါတယ်။ ဆန္ဒကူးသစ်ရဲ့အနံဟာမွေးကြိုင်သင်းပျံ့တာကြောင့်တစ်ကြောင့် ၄င်းတို့အပေါ်စွဲလမ်းတပ်မက်သောစိတ်ရှိ
ကုန်သော ဘီလူးများ ဟာ ငါးအဖြစ် လာရောက် လိုက်ပါလာကြတယ်ဆိုပါတယ်။
ထူးခြားချက်များ
၁။ ၀ါထပ်ဝါငင် ကိုသိရှိခြင်း။
၂။ သွားရောက် မခေါ်ဆောင်ပဲ မလာခြင်း။
၃။ ၀ါတွင်းကာလကျော်လွန်ပါက ပြန်သွားတတ်ခြင်း။
၎။ ငါ့းများမှာ ကြီးမားသောလည်း အသားစားသောဓလေ့မရှိခြင်း၊
၅။ ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ပါက အိပ်မက်ပေးတတ်ခြင်း၊
၆။ တစ်စုတစ်စည်းတည်းဖြစ်သော်လည်း အန္တရာယ်မပေးခြင်း။
၇။ လူများအားကူညီတတ်ခြင်း။
၈။ သက်သက်လွတ်အစားဖြစ်သော ဖွဲနု၊ ထမင်းဆုပ် ပေါက်ပေါက် ဆုပ်များသာစားသောက်ခြင်း။
သို့ဖြစ်ပါသောကြောင့် ဘာသာဝင်များနှင့် အခြားဘာသာဝင်များ ကလည်းအံ့သြမကုန်နိုင်ဖြစ်ရခြင်း။ ယခင်ကာလများကဆိုရင် ရွှေချထားသော ငါး( လှေငယ်လောက်တော့ ရှိမည်ထင်ပါသည်) ရှိခဲ့ပါတယ်။
ယနေ့ခေတ်လေ့လာသုတေသနပြုမှု
သိပ္ပံပညာရှင် များပါသော အဖွဲ့တစ်ဖွဲ့ဟာ ၁၉၉၅ လောက် က သုတေသနပြုခဲ့ပါတယ်။ ဖော်ပြချက်အချို့ကတော့
၁။ ငါးများသည် ငါးထွေငါးအမျိုးအစားမျာ့းဖြစ်ခြင်း (မှတ်ချက်။ ။ ငါးထွေငါးမျိုးများသည် တစုတည်းနေထိုင်သော
ဓလေ့မရှိဟုသိရပါသည်။)
၂။ ၀ါတွင်းကာလသည် ရေကျ ( ရေအများဆုံးကာလဖြစ်သည်) ချိန်ဖြစ်သောကြောင့်တစ်ကြောင်း၊ ၄င်းအချိန်တွင်
အစားအသောက် ရရန်လွယ်ကူသော နေရာစြဖ်သောကြောင့်လည်းကောင်း။ သားပေါက်ရန် ကာလဖြစ်သော
ကြောင့်လည်းကောင်း။ လာရောက်ခိုလှုံသည်ဟုမှတ်ချက်ပြုပြောဆိုပါသည်။
သိပ္ပံပညာရှင်များမဖော်ထုတ်နိုင်သောအချက်များ
၁။ ငါးများကို အိုးစည် ဗုံ များဖြင့် တာဝန်ရှိသူများ နှင့် ကျောင်းတော်ရာဘုရား ဘုန်းဘုန်းတို့နှင့် မုန်းချောင်း နှင့်ဧရာ
ဝတီမြစ်ဆုံရာသို့ သွားရောက်ခေါ်ယူစဉ်စောင့်ကြည့်လေ့လာပါသော်လည်း မည်သည့်နေရာမှရောက်ရှိလာခြင်းကို
မသိရှိခြင်း။
၂။ ငါးထွေငါးမျိုးများသည် အသားစားသတ္တ၀ါမျိုးဖြစ်သော်လည်း ကျောင်းတော်ရာဘုရားရှိငါးများသည် အသားလုံးဝမစားခြင်း။
၃။ ငါးထွေငါးမျိုးများသည် အုပ်စုလိုက်နေသော အလေ့မရှိပဲ တစ်ကောင်တည်းကျက်စားသောဓလေ့ရှိခြင်း။
၎။ ၀ါတွင်းကာလကုန်ဆုံးသောအခါ ငါးများအပြန်လမ်းကို လေ့လာသောအခါ မုန်းချောင်း နှင့် ဧရာဝတီဆုံရာ
တွင်ဘယ်နေရာကို ရောက်ရှိပျောက်ကွယ်သွားသည်ကိုမသိရှိခြင်း။
ထို့ကြောင့် မမြင်ရသော ထူးခြားဆန်းကြယ်မှုများနှင့်ပြည့်နှက်နေသော ကမ္ဘာကြီးသည် အံ့သြဖွယ်ကောင်းပေစွ။
အားလုံးကိုလေးစားပါသည်။
ညိုမင်း