Showing posts with label ဟာသ. Show all posts

Monday, February 16, 2009
Sunday, February 8, 2009
စင်္ကာပူလူမျိုးတွေ ဘာကြောင့် ပီကယ်မစားသလဲ
စင်္ကာပူ ၀န်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပြစ်လဲ။
ထိုင်းဘုရင် ။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပြစ်လိုက်တယ်။
စကာင်္ပူ ၀န်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့
ပြစ်ပြီး လိမ္မော်သီး ယို လုပ်တယ်ဗျ။
ဒါနဲ့ စကာင်္ပူ ၀န်ကြီးလဲ ပီကယ်မှာလိုက်ပါတယ်.စားပြီးသွားတော့ ပန်းကန် ပေါ်
ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ပီကယ် ကိုရော ဘုရင် တို့ ထိုင်းနိုင်ငံမှာ ဘာလုပ်သလဲဗျ။
ထိုင်းဘုရင် ။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို
စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့ထိုင်းနိုင်ငံကို တင်ပို့
ရောင်းချတယ်။
ဆက်ပြီးတော့ ဘုရင်ကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။
ပြန်ခါနီးကြမှ ဘုရင် က မေးခွန်းတစ်ခု ထမေးပါတယ်။
ထိုင်းဘုရင် ။ ။ မင်းတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။
ထိုငိးဘုရင် ။ ။ အေး၊ ငါတို့ စီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို
ပို့ပြီး စင်္ကာပူကို တင်သွင်း ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ကွ

နတ်မိမယ်
သားငယ်... ။ မေမေ နတ်မိမယ်ဆိုတာ ဘယ်လို မျိုးလည်းဟင်...
မိခင်.. .။ နတ်မိမယ်ဆိုတာ အင်မတန်ချောမောလှပ ပြီး ကောင်းကင်မှာ
ပျံနိုင်တဲ့ နတ်သမီးတစ်ပါးလိုပါပဲ သားရဲ့ ။
သားငယ်...။ ဟင်...ဒါဆိုသားတွေ့ လိုက်တဲ့ နတ်မိမယ် က မပျံတတ်ဘူးမေမေ။
မိခင်......။ သားက ဘယ်တုန်းကများတွေ့ တာတုန်းသားရဲ့ မေမေကိုပြောပါဦး။
သားငယ်...။ မနေ့ က ဖေဖေ က ဟိုဘက်ခန်းမှာနေတဲ့ အန်တီရဲ့ တင်ပါးကိုပုတ်ပြီး
မင်းဟာနတ်မိမယ် ပါပဲကွာ တဲ့.

အနမ်းပေါင်း ၁၀၀
သို့
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး
မင်းရဲ့
ကိုကို
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်
သို့
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀
ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။
ကိုကို့ရဲ့
ချစ်လေး

Wednesday, February 4, 2009
ချင်းစိမ်းနဲ့ မိဿလင်
လင်မယားဆိုသည်မှာ
ညားပြီးတစ်နှစ် အချိန်လောက်ထိ ရုပ်မြင်သံကြားလေးလိုပါပဲ
အသံလေးလည်းကြားချင် အရုပ်လေးလည်း မြင်ချင်
ကြားမ၀ ရှုမဆုံးပေါ့
ကလေးတစ်ယောက်ရပြီးချိန်မှာတော့
ရေဒီယိုလေးဖြစ်သွားတယ်
အသံပဲကြားချင်တော့တယ်
ဒီရုပ်ကြီးကို မမြင်ချင်တော့ဘူး
ကလေးနှစ်ယောက်လောက်ရပြီးချိန်မှာတော့
ဘောလုံးလေး ဖြစ်သွားပါတော့တယ်
အလကားနေရင်းကန်ချင်နေတော့တာ နောက်ဆုံးကို
ဆယ်လှမ်းလောက် ဆုတ်ပြီး ကျုံးကျုံးပြီး ကန်ချင်တော့တာပဲ
ဂျင်းစိမ်းနဲ့ မိတ်သလင် ဇာတ်ကားမှ ကူးယူ ဖော်ပြသည်။
ပျော်ရွှင်ချမ်းမြေ့ပါစေ

ACACIA / ထနောင်း
Monday, January 26, 2009
ဆန့်ကျင်ဘက်အပေါ်ဆွဲဆောင်နည်း
ယောကျာ်းလေးများအနေဖြင့် မိန်းကလေးများကို ဆွဲဆောင်လွှမ်းမိုးရန်နည်းလမ်းများ
၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက် :-D )။
၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) ပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၎- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင်
ကလိထိုး၍ရယ်ခိုင်းပါ)။
၅- သူမ အပေါ်အလေးအနက်ထားပါ၊( ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး
စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ)။
၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင်
မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊
မိန်းကလေးများ အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။
၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ
ဖြစ်နေရမည်)။
၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊
ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( အခြားသူများက သူမအား ငပေါဟု မြင်လာ၍
သူမအားထောက်ခံသောသင့်အား တပည့် 
မွေး ပါလိမ့် မယ်)။
၁၁-သူမ အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့
တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု
ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့အား ဆွဲဆောင်နည်းတည်း။

Sunday, January 18, 2009
နဂိုအတိုင်းဘဲ ကောင်းပါတယ်
ဆရာခင်ဗျား..
ကျွန်တော့် ရဲ့ ကွန်ပြူတာ Program ပြဿနာတွေနဲ့ ပတ်သက်လို့  ဆရာ့ထံသို့တင်ပြ အကြံ ဉာဏ်တောင်းလိုပါတယ်။
ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ Program ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့
Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ့  အခြား Valuable Resources တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ့  Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း မတွေ့ ခဲ့ရပါဘူး၊၊ အဲဒီ အပြင်
Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေးဆွဲတပ်ဆင်ပြီး နဂိုမူလ system ထဲရှိပြီးသား Activities တွေကိုထိန်းကွပ်တော့တာပါဘဲ၊၊ ဥပမာ အားဖြင့် KaraOK night 10.3 နဲ့  Beer Bash 2.5 ကဲ့သို့ သော Program တွေဟာ လုံးဝ မလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်၊၊ Wife 1.0 ရဲ့  စွမ်းဆောင်ချက်တွေပါဘဲ၊၊
Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊
ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall လုပ်ကြည့်ပါတယ်၊ ဒါပေမဲ့ Uninstall ကလည်း လုံးဝအလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီပြ ဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား၊၊
Mr.JP ခင်ဗျား..
လူကြီးမင်းကြုံတွေ့ နေရသောပြဿနာသည် အလွန်ယေဘူယျကျပြီး လူတော်တော်များများ၏ မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။ လူအများစုက Wife 1.0 သည် Utilities & Entertainment program တစ်ခုလိုထင်ကြပြီး Girlfriend 1.0 မှ Wife 1.0 သို့  Upgrade လုပ်ကြတာပါဘဲ၊၊
အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment program မဟုတ်ဘဲ Operating System တစ်ခုဖြစ်ပါတယ်။Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများ လုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာပုံစပြု ထုတ်လုပ်ခဲ့တာပါ။ အဲဒီ Program ကို system ထဲမှာ install လုပ်ပြီးတာနဲ့  uninstall Delete(သို့ ) Purge လုပ်လို့ မရပါဘူး ။ Girlfriend 1.0 ကိုလည်းပြန် သွားလို့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူ့ ကို Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကိုပြန်သွားလို့ မရအောင် စီမံထားလို့ ပါဘဲ။
တချို့  ကတော့ Girlfriend 2.0 တို့  Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး System ထဲ မှာ install လုပ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှု မရဘဲ မူလထက် ရှုပ်ထွေး မှုများနဲ့  အဆုံး သတ်ကြတာတွေ့ ရပါတယ်။ ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0 ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။ ဖြစ်လာတဲ့ အခြေနေ အရပ်ရပ်ကို သတိ၊ ဥာဏ်ပညာ နဲ့  ယှဉ်ပြီး ရင်ဆိုင်ပါ။ ကျွန်တော် ကိုယ်တိုင် Wife 1.0 ကို install လုပ်ထားသူတစ်ယောက် အနေ နဲ့  အကြံပြုချင်တာ နောက်တစ်ခုကတော့ Wife 1.0 တစ်ခုလုံးနဲ့  သူ့ ရဲ့ 
eneral Protection Faults(GFPs) တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။ ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ့  အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှုတွေကို ကြိုတင်ပြီး ခန့် မှန်း ထားကြည့်ပါ။
အကယ်၍ အဲဒီ Program ဟာ ဘာမှ ဆက်လုပ်လို့ မရလောက် အောင် ကြုံတွေ့  နေရပြီ ဆိုရင် တော့ Apologies ဆိုတဲ့ ခလုတ်ကို အရင်နှိပ်ပါ။ ပြီးရင် Reset ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။ GFPs တွေ အားလုံး ရဲ့  ပြစ်ချက်တွေ ဟာ မိမိကြောင့်ပါ လို့  တာဝန်ယူထားသမျှ System ကြီးတစ်ခုလုံးဟာ ချောမွေ့ စွာနဲ့ အလုပ်လုပ်နေပါလိမ့် မယ်။
တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။ ဒါပေမဲ့ အင်မတန် အဆင့်မြင့်မားတဲ့ ပြုပြင်ထိမ်းမှု လိုအပ်တာတော့အမှန်ပါ။

ဟာသများ
မိန်းမများနှင့်တူသော အားကစား
15 & 20 ကြား ဘောလုံး 22 ယောက် ၀ိုင်းလုသည်
20 & 25 ကြား ဘတ်စကတ်ဘော 12 ယောက်ဝိုင်းလုသည်
25 & 30 ကြား စားပွဲတင် တင်းနစ် 2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ် ဒီဖက်ပုတ်ထုတ်
30 & over ဂေါက်သီး ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်
..............................................................................................................................................
မင်းတို့သိရဲ့လား
နွားသိုးခြံတစ်ခုမှာ ပေါ့
နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀၀ ရှိတာပေါ့....နွားသိုး ၃ကောင်က ခွဲတန်းနဲ့နွားမတွေကို ပိုင်ကြ တယ် အကြီးဆုံးကောင်က ၅၀ ပိုင်တယ်
အလတ်ကောင်က ၃၀ . အငယ်ဆုံးကောင်က ၂၀ ပေါ့ တစ်နေ့မှာ ခြံရှင်က နွားပေါက်နုန်းနည်းလိုဆိုပြီးနွား သိုတစ်ကောင်ထပ်ဝယ်တော့ နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး သူတိုရဲနွားမတွေခွဲပေးရမှာဆိုတော့..
သူတို ၃ ကောင်တိုင်ပင်တာပေါ့ အကြီးဆုံးကောင်က စပြီးပြောတယ် "
ငါကတော့တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ " အလတ်ကောင်ကလည်း "ငါလည်းမပေးနိုင်ဘူး" ဒေါသ တွေထွက် နေကြတာပေါ့ ၃ကောင်စလုံး.....
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့နွားသိုးအသစ်က ရောက်လာရော ၁၀ ဘီးကားနဲခြံထဲဝင်လာတယ် ကားပေါ် ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောငထောင်သွားတယ် နွားသိုး ၃ကောင်လန့်သွားတာပေါ့ ဒါနဲအကြီးဆုံးကောင်က "ငါတော့ ၂၀ ကောင်လောက်ခွဲပေးလိုက်တော့မယ် ကွာ အလတ်ကောင်ကလည်း အေငါလလည်း ၁၀ ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ"
အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်.....
ဒါနဲ့ အကြီး ၂ ကောင်ကမေးတာပေါ့ "ဟဲကောင်မင်းလဲနဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်"
ပေါ့ဒါနဲ့အငယ်ကောင်ကပြန်ပြောတယ်" အေးငါသိတယ်ကွ
ငါ့ကိုအထီးမှန်းသိအောင်ငါလုပ်ပြနေတာ မင်းတို့သိရဲ့လားတဲ့"
.......................................................................................................................................
*တရားမျှတလိုက်ပုံက*
တစ်ခါက ဆိတ်တစ်ကောင် က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီး
ပစ်လို့ မောင်အေးက ရိုက်သတ်လိုက် သတဲ့။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင် မောင်ခွေး က တင်းပြီး ထင်းတုံး နဲ့ ပေါက်လိုက်တာ မောင်အေးမိန်းမ ကိုမှန်ပြီးကိုယ်ဝန် သုံလပျက်ကျ သွာတယ်။ ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ တရားရုံးကို
ရောက်လာတော့ တရာသူကြီး က အဖြစ်အပျက် အစုံအလင်ကို နားထောင်ပြီး စီရင်ချက်ချလိုက်
ပုံက မောင်အေး က မောင်ခွေး ရဲ့ဆိတ်ကို သတ်လို့ ဆိတ်တစ် ကောင်ပြန် အစားပေးစေ။ မောင်ခွေး က မောင်အေး မိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့ မောင်အေး မိန်းမကို ကိုယ်ဝန် သုံးလ ရှိ အောင်ပြန်လုပ်ပေးစေတဲ့။
.........................................................................................................................................
*လူမှားလို.*
အလွန်အေးတဲ့ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံးစံအတိုင်း
နှင်းလျှောစီးဘို.
မိန်းမကိုနှုတ်ဆက်ပြီး ထွက်ခဲ.တယ်။လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့
လှည့်ပြန်လာပြီး
'အားးးးးးးးးး ဒီနေ.ရာသီဥတုကတော်တော်ဆိုးတာပ'ဲ လို.ပြောပြီးမိန်းမဘေ
းပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲပြန်ပြောလိုက်ပုံက
'ဒါတောင်အိမ်ကကောင်ကြီးက နှင်လျှောစီးဖို.သွားသေးတယ်' တဲ့။
*ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား*
မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့  တောမှာနေတဲ့
အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
အဖေ။ ။''ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား''
သား။ ။ ''မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။''
အဖေ။ ။ ''အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။''
................................................................................................................................
အိုဆေး
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်
လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ
မ့်နေသောလူကောင်သေးသေး
အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။
" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့
ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကို
ဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး
လေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."
............................................................................................................................
ကောင်းရော....
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွား ခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင် ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက် တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။
ဖြစ်ရလေကွယ်....
ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ သင်ပေးနေတယ်။ ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေ ကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ်"မေမေ"တဲ့။
.....................................................................................................................
တီဗွီတစ်လုံး မြန်မြန်ပေးပါ
ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ ကောင်လေးက အမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို "ကောင်လေး ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်..
ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်မယ်"လို့ပြောလိုက်တယ်။
ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေး တော့တယ်။ "ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။ ကောင်လေး ကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့
ဒုတိယတစ်စောင်ကိုကောက်ရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်"လို့ ပြင်ရေး လိုက်တယ်။
ကောင်လေးကစာကိုတစ်ခေါက်ပြန်ဖြစ်ကြည့်ပြီးမကြိုက်လို့တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။
"ဘုရား သခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကိုသွားခဲ့တယ်။ ဘုရား ကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ ကောင်လေးကစတုတ္ထမြောက်စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင် ကျနေ တာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို တီဗွီ တစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။
မစားချင်ဘူးလား
စိတ္တဇဆေးရုံတွင်ဆေးရုံအုပ်ကြီးကလူနာများအား ပြောကြားသည်မှာ...
" မနက်ဖြန်လူကြီး တစ်ယောက်ဆေးရုံမှာလာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့အားလုံး လုပ်ခုပ်တီးကြပါ။ဒါဆို မင်းတို့ကိုကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ရောက်သောအဆင်ပြေစွာ ဟောပြောပြီးဆုံးသောကြောင့်လူကြီးကလွန်စွာကျေနပ်
လေ၏။ထိုအခါဆေးရုံအုပ်ကြီးကချောင်းဟန့်လိုက်၏ ထင်ထားသည့်အတိုင်းအားလုံးက၀မ်းမြောက်စွာ
လက်ခုပ်တီးကြလေသည်။ သို့သော်မထင်မှတ်သော အဖြစ်တစ်ခုလည်းဖြစ်သွားသည်။ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက်လူကြီးဖြစ်သူအား ပါးချလိုက်ခြင်းဖြစ်သည်။အားလုံးမင်တတ်နေစဉ်
သူပြောလိုက်သောစကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာမသိဘူးလား ကြက်သားဟင်းမစားချင်ဘူးလား။ "
............................................................................................................................................
ဟွန်း..မလိုရင်ကူပြီ
ရထားတစ်စီးပေါ်တွင်ပိန်ပိန်ပါးပါးအသက်ခပ်ကြီးကြီး အမျိုးသားကြီးတစ်ယောက်ပုံကားအလွန်အားနည်းပုံ ပေါက်သည်။ သူဆင်းမည့်ဘူတာရောက်သောအခါတိုက်ရိုက်တည့်တည့်မဆင်း နိုင်ပဲတံခါး ပေါက်မှ လက်ကိုင်သံတန်းကိုဖြည်းဖြည်းဆင်းနေသည်။
ကံကောင်းထောကမစွာဖြင့် ကူညီတတ်သောအစောင့် တစ်ယောက် ရောက်လာပြီး သူကိုကျောမှထိန်းပေးသည်။သို့သော် ရထားပေါ်တတ်ရန်းကြိုးစားနေသည်ဟုထင်၍ရထားပေါ်ပြန်တွန်းတင် လိုက်သည်။ တံခါးပေါက် ချက်ချင်းပိတ်သွားပြီးရထားကဆက်ထွက် လာခဲ့ သည်။ အဘိုးအိုမှာ နောက်ဘူတာရောက်သည် အထိသူ့အဖြစ်ကို မကျေမနပ်ဖြင့်မည် တွန်တောက်တီးလာပါတော့သည်။
စိုးရိမ်တတ်တယ်..
ခွေးများကိုသန့်ရှင်းရေးလုပ်ပေးရသူအဖြစ်လုပ်ပေးရသော အမျိုးသမီးတစ်ယောက်အားခွေးကကိုက်လိုက်သည်။ ထိုအခါနာကျင် မှုကိုသတိပြုမိသွားသောအလုပ်ရှင်ထံမှစိုးရိမ်ပူပန်သောအသံထွက်
လာသည်။
" ညည်းဘာပဲလုပ်လုပ်အဖြုရောင်ခွေးပေါ်မှာတော့သွေးမပေစေနဲ့ "
......................................................................................................
ကွာရှင်းလိုကြောင်း
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
"ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73
နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ
"ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"

တယ်ဟုတ်ပါလား
ကားမောင်းသင်ဆရာက အလွန်အကျွံကြောက်တတ်သူ တစ်ဦးအား ကားမောင်းသင်ပေးလျက်
ရှိသည်း သူမမှာ နှစ်လမ်းမောင်းလမ်းပေါ်တွင် တစ်ဖက်မှ ကားတစ်စင်း
ချဉ်းကပ်လာတိုင်း ကြောက်လန့် တကြားဖြစ်တတ်သည်။
" ဒီတစ်ခါ တယ်ဟုတ်ပါလား" အမောင်းသင်ဆရာက ပြောလိုက်သည်။ အမောင်းသင် အမျိုးတစ်မီးက " ဟုတ်ကဲ့၊ ကျွန်မက ဟိုဘက်က ကားတစ်စီးလာ တာမြင်ရင်
မျက်စိမှိတ်ထားတာကိုး"

ဟာသအတိုအထွာများ
"မေမေသားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်ကအန်တီလေးကိုဖက်နမ်းတယ်ဗျ သိလား"
"နေပါစေသားရယ် ၊ သူတို့က လက်ထပ်တော့မှာပဲ"
"ဒါဆိုသားတို့ဖေဖေရော အိမ်ဖော်မလေးကို လက်ထပ်တော့မှာလားဟင်"
ဆေးဆိုင်ရှေ့မှာ ကောင်လေးတစ်ယောက် ခြေတုန်ချတုန်ဖြစ်နေသည်။ စိတ်ဆုံးဖြတ်ကာ ဝင်သွားလေသည်။ ဆိုင်ထဲသို့ ရောက်သောအခါ အရောင်းစာရေးမကို တိုးတိုးပြော၏။ တိုးတိုး ပြောလို့ သူဘာပြောလဲ ကျွန်တော်မကြားပေမယ့် စာရေးမ ကျယ်ကျယ်ပြန်ပြောတာ ကိုတော့ ကြားလိုက်ရသည်။
"ဘာကာကွယ်ရေးပစ္စည်းလဲ ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ၊ ကာကွယ်ရေးဝန်ကြီးဌာန မဟုတ်ဘူး" တဲ့လေ...
စကားနိုင်လုကြစို့
"ဘာကာကွယ်ရေးပစ္စည်းလဲ ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ၊ ကာကွယ်ရေးဝန်ကြီးဌာန မဟုတ်ဘူး" တဲ့လေ...
ချာတိတ်နှစ်ယောက် တယောက်ကိုတယောက်အားကျမခံ စကားနိုင်လုနေကြသည်။
"ငါ့အကိုက မင်းအကိုထက်သာတယ်ကွ"
"မသာဘူး ငါ့အကိုကသာတယ်"
"ငါ့အဖေက မင်းအဖေထက်သာတယ်ကွ"
"မဟုတ်ဘူး ငါ့အဖေကသာတယ်"
"ငါ့အမေက မင်းအမေထက်သာတယ်ကွ"
"အေး....အဲဒါတော့မှန်တယ်။ ငါ့အဖေကလည်း အမြဲပြောတယ်ကွ"
Saturday, January 10, 2009
သူတို့ရဲ့လျှို့ဝှက်ချက်
တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။
အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...
"ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။
ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။
ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!" လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."

အဆိုးဆုံးတိရိစ္ဆာန်ကယ်ဆယ်ရေး
၁၉၇၈ ခုနှစ်... မီးသတ်သမားတွေ ဆန္ဒပြနေတာကြောင့် ဗြိတိန်တပ်မတော်က အရေးပေါ်မီးသတ် တာဝန်ယူထားတဲ့ ကာလ... ဇန်န၀ါရီလ ၁၄ ရက်မှာ လန်ဒန်တောင်ပိုင်းက အဖွားအိုတစ်ယောက် သစ်ပင်ပေါ်မှာ ပိတ်မိနေတဲ့ သူ့ကြောင်လေးကို ကယ်ဆယ်ပေးဖို့ အကူအညီတောင်းတဲ့ ဖုန်းဝင်လာပါတယ်။ သူတို့ မြန်မြန်ဆန်ဆန်ပဲ ရောက်သွားပြီး ခဏလေးနဲ့ တာဝန်ကို ဆောင်ရွက်လို့ ပြီးသွားပါတယ်။ သိပ်ဝမ်းသာသွားတဲ့ အဖွားအိုဟာ သူတို့အားလုံးကို လက်ဖက်ရည်သောက်ဖို့ ဖိတ်လိုက်ပါတယ်။ လက်ဖက်ရည်သောက်ပြီးတော့ ကြင်ကြင်နာနာ နှုတ်ဆက်အပြီး ကားကို မောင်းထွက်လိုက်တဲ့ အခါမှာတော့ ကြောင်ကို ကားနဲ့ကြိတ်မိပြီး ကြောင်ကလေး သေဆုံးသွားပါတော့တယ်...
အဆိုးဆုံးလေယာဉ်ပြန်ပေး
၁၉၇၆ ခုနှစ်တုန်းက အောင်မြင်မှုမရှိဆုံးသော လေယာဉ်ပျံပြန်ပေးဆွဲဖို့ ကြိုးစားခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကျွန်မတို့ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်တွင်း ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ အဲဒီလူဟာ ခုံပေါ်ကထ သေနတ်ကို ဆွဲထုတ်ပြီး လေယာဉ်မယ်ကို ဆွဲခေါ်လိုက်ပါတယ်။
"ဒီထရွိုက် (Detroit) ကို မောင်းကြစမ်း" လို့ သူတောင်းဆိုတော့...
"ကျွန်မတို့ ဒီထရွိုက်(Detroit)ကိုပဲ သွားနေတာပါရှင်..." လို့ လေယာဉ်မယ်က ပြန်ဖြေလိုက်ပါတယ်။
"သြော်... ကောင်းတယ် ကောင်းတယ်..." လို့ ပြောပြီးတော့ သူ့နေရာမှာ ပြန်ထိုင်လိုက်ပါတော့တယ်...

အဆိုးဆုံးဘဏ်ဓားပြ
၁၉၇၅ခုနှစ် သြဂုတ်လတုန်းက လူသုံးယောက်ဟာ ရော့သ်စီ (Rothesay) မှာရှိတဲ့ စကော့တလန်တော်ဝင်ဘဏ်ကို ဓားပြတိုက်ဖို့ အလာမှာပဲ ဘဏ်ရဲ့ဆုံလည်တံခါး (Revolving Door) ထဲမှာ ပိတ်မိကြပါတယ်။ ဘဏ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပြန်ထွက်လာကြပြီး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောအပြီးမှာ ကသိကအောက် ဖြစ်စွာနဲ့ပဲ အဆောက်အအုံထဲက ပြန်ထွက်သွားကြပါတယ်။
မိနစ်အနည်းငယ်အကြာမှာ ဘဏ်ထဲကို ပြန်ဝင်လာပြီး ဘဏ်ကိုဓားပြတိုက်မယ့် သူတို့ရဲ့ရည်ရွယ်ချက်ကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဘယ်ဝန်ထမ်းကမှ သူတို့စကားကို မယုံကြပါဘူး။ ငွေသား ပေါင် ၅,၀၀၀ ကို တောင်းဆိုတဲ့အခါမှာတော့ ငွေကိုင်စာရေးချုပ်က သူတို့ကို ဟားတိုက်ရယ်ပြီး လာနောက်နေတာလို့ပဲ ထင်နေပါတယ်။ အဲဒါကြောင့် သူတို့ထဲက တစ်ယောက်က ကောင်တာပေါ်ကို ခုန်တက်လိုက်တဲ့အခါ ပြုတ်ကျပြီး ခြေချင်းဝတ် ညပ်သွားပါတယ်။ ကျန်တဲ့နှစ်ယောက်လည်း ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြရင်း ဆုံလည်တံခါးထဲမှာ ထပ်ပိတ်မိကြပြန်ပါတယ်...

Subscribe to:
Posts (Atom)