Showing posts with label love. Show all posts
Showing posts with label love. Show all posts

Wednesday, January 7, 2009

Friday, December 12, 2008

ကိုယ် ... မညာတော့ဘူး

အရှိကို အရှိတိုင်းသာ ဖွင့်ပြောမည် မြင်မြင်ချင်း မင်းကို ချစ်သွားသည်
ပိုင်ဆိုင်တဲ့ အသည်းကို အရှုံးပေးခဲ့ရ ဒါအချစ်ပဲလား စိတ်မှာ မောသည်

နားလည်မှု တံခါးတွေ ဖွင့်ထားသည်
အကြင်နာ စကားလေးတွေ မျက်ဝန်းဆီ
ပိုင်ရှင်မဲ့ အချစ်ကို ပေးအပ်ခဲ့ပြီ
ကိုယ် ... မညာတော့ဘူး မင်းကို ချစ်သည်

မင်း ပြုံးလိုက်ရင်လည်း အိပ်မက်တွေ အထိပဲ လိုက်နှောက်ယှက်သည်
အိပ်မက်ထဲမှာလို ဘယ်အချိန်ပဲ ကြည့်ကြည့် ပြန်တွေးတိုင်း ရင်ခုန်လာသည်

ချစ်သူလေး ရှိရာ ဟို ... အဝေးဆီ လာရာ လမ်းလေးကို မျှော်တတ်ပြီ
ပိုင်ဆိုင်ခွင့် ဘ၀ကို ပေးအပ်ခဲ့ပြီ ကိုယ် ... မညာတော့ဘူး မင်းကို ချစ်သည်

သံသရာလည်သမျှ

တစ်ပွင့်ပန်း ပန်ချင်တာမဟုတ်ပါဘူး။
အသဲမတီမြေမှာ တပင်သာရှင်သန်ပြီး
တသက်မှာတကြိမ်သာ ပွင့်ဦးလေတဲ့
မာလာခိုင်ကြူခက်ကို မြေမသက်ပါစေ..
ကြွေမပျက်ပါစေလို့ စုံမက်သည်နှင့်အမျှ
သံယောဇဉ်ဝဋ် နှောင်တင်းမိရသူပါ။
ကောင်းကင်မိုးယံမှာ
ကြယ်တာယာတွေ ကုဋေကုဋာထွက်လေလေ
ရေမဆုံးလိမ့်ပေမယ့်..
တလုံဲးထဲသာဖြစ်တဲ့ ရှင်နေမင်းကွယ်ရင်
အမှောင်ဟာ ပိတ်ဖုံးမြဲလို......
စိတ်သန္တာန်မှ တွေးတောမှတ်ထင်ဖွယ်ရာတွေ
အနန္တ..။
သံသရာလည်သမျှ ဘ၀တစ်ခွင်မှာ
ကြုံအင်ရာတွေ အသင်္ချေမကပေမယ့်
မေတ္တာရှင်နေမင်းနဲ့ ကင်းခဲ့ပြီဆိုမှဖြင့်
တသက်သာ ဆိတ်သုန်းလို့
ပျော်ရွှင်ခြင်းလည်း ဆုံးလိမ့်မယ်...။