တစ်ပွင့်ပန်း ပန်ချင်တာမဟုတ်ပါဘူး။
အသဲမတီမြေမှာ တပင်သာရှင်သန်ပြီး
တသက်မှာတကြိမ်သာ ပွင့်ဦးလေတဲ့
မာလာခိုင်ကြူခက်ကို မြေမသက်ပါစေ..
ကြွေမပျက်ပါစေလို့ စုံမက်သည်နှင့်အမျှ
သံယောဇဉ်ဝဋ် နှောင်တင်းမိရသူပါ။
ကောင်းကင်မိုးယံမှာ
ကြယ်တာယာတွေ ကုဋေကုဋာထွက်လေလေ
ရေမဆုံးလိမ့်ပေမယ့်..
တလုံဲးထဲသာဖြစ်တဲ့ ရှင်နေမင်းကွယ်ရင်
အမှောင်ဟာ ပိတ်ဖုံးမြဲလို......
စိတ်သန္တာန်မှ တွေးတောမှတ်ထင်ဖွယ်ရာတွေ
အနန္တ..။
သံသရာလည်သမျှ ဘ၀တစ်ခွင်မှာ
ကြုံအင်ရာတွေ အသင်္ချေမကပေမယ့်
မေတ္တာရှင်နေမင်းနဲ့ ကင်းခဲ့ပြီဆိုမှဖြင့်
တသက်သာ ဆိတ်သုန်းလို့
ပျော်ရွှင်ခြင်းလည်း ဆုံးလိမ့်မယ်...။
Friday, December 12, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment