Saturday, May 9, 2009

ကဆုန်လပြည့် ဗုဒ္ဓနေ့ (၀ိသာခါနေ့)

ဗုဒ္ဓ ပြက္ခဒိန်ရဲ့ ဒုတိယမြောက်လပြည့်နေ့ဟာဆိုရင် ကမ္ဘာတ၀ှမ်းက သန်းပေါင်းများစွာသောဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်အထားရဆုံးနေ့ထူးနေ့မြတ်တစ်နေ့ပါ။ ဆု၊ဖွား၊ပွင့်၊စံ ဤလေးတန်၊ မှတ်ရန်ကဆုန်လ လို့ မှတ်သားခဲ့ကြတဲ့နေ့လဲဖြစ်ပါတယ်။ မြန်မာ ကဆုန်လ (၀ိသာခါနက္ခတ်) ၊ အိန္ဒိယပြက္ခဒိန် ၀ိသာခါလ {Vesak (Sinhalese), Vaisakha (Sanskrit), Visakha (Pali)} ရဲ့ လပြည့်အခါသမယဖြစ်ပါတယ်။ ၀ိသါခပူဇာ(Visakah Puja)၊ ဗုဒ္ဓပူရ်နိမ(Buddha Purnima )၊ (သို့) ဗုဒ္ဓဇယန္တိ(Buddha Jayanti) ပွဲတော်ရယ်လို့ အိန္ဒိယ၊ဘင်္ဂလာဒေ့ရှ် နဲ့ နီပေါနိုင်ငံတွေမှာကျင်းပကြသလို ထိုင်းနဲ့လောနိုင်ငံမှာ ၀ိသာခပူစာ(Visakha Bucha) ၊ ဗိယက်နမ်မှာ ဖတ်ဒန်(Phat Dan)ပွဲတော်၊ အင်ဒိုနီးရှားမှာ ဝေသက် (Waisak)ပွဲတော်၊ သီရိလင်္ကာနဲ့မလေးရှားမှာ ၀ိသက်(Vesak (Wesak))ပွဲတော်၊ တိဘက်မှာ စာဂဒ၀(Saga Dawa) ပွဲတော်အဖြစ် အသီးသီး ခေါ်ဝေါ် ကျင်းပကြပါတယ်။ မြန်မာပြည်မှာလဲ ကဆုန်လပြည့်ဗုဒ္ဓနေ့အဖြစ် ဘုရားကျောင်းကန်များသို့သွား၍ ကုသိုလ်ယူခြင်း၊ သီတင်းသီလဆောက်တည်ခြင်း၊ ညောင်ရေသွန်းခြင်းများပြုလုပ်ကြပါတယ်။မြန်မာ၊သီရိလင်္ကာ၊ထိုင်း၊စင်္ကာပူရ်၊မလေးရှား၊ဗိယက်နမ် စတဲ့အာရှနိုင်ငံအများစုရဲ့တရားဝင်ရုံးပိတ်ရက်လည်းဖြစ်ပါတယ်။

No comments: