Tuesday, January 27, 2009

မှတ်ဥာဏ်တွေကောင်းမွန်စေမည့်နည်းလမ်းများ

(၁) လေထဲမှာ တိုက်အိမ်ဆောက်ပါ..။

...ကိုယ်ဖြစ်ချင်တာတွေ ၊ လုပ်ချင်တာတွေကို ကောင်းကောင်းသာ စိတ်ကူးယဉ် ကြည့်ပါ..။..စိတ်ကူးယဉ်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ကျေနပ်ပျော်ရွင်လာပြီး ဦးနှောက်ကြွက်သားတွေကိုပါ လေ့ကျင့်ခန်းလုပ်ပေးရာ ကြပါတယ်..။

( Roll Eyes၂) စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပါ..။
Hayy Hayy Hayy
...စိတ်ကူးထဲ ပုံဖော်ခြင်းဟာ မှတ်ဥဏ်တွေကောင်းဖို့ အတွက် အဓိကကျတဲ့ လေ့ကျုင့်ခန်းပါပဲ..။..ဥပမာ ပန်းအိုး ဒါမှမဟုတ် သစ်သီးဝလံတွေ ထဲ့ထားတဲ့ ပန်းကန်အ၀ိုင်းကို တနေရာထဲမှာ ထားပြီး စိုက်ကြည့်ပါ..။..ပြီးရင် မျက်လုံးကို မှိတ်လိုက်ပြီး သင့်ရဲ့ မှတ်ဥဏ်ထဲမှာ ခုဏက ကြည့်ထားတဲ့ အရာကို ပြန်ပုံဖော်ကြည့်ပါ..။..ကဗ္မာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီ ဟာ ဒီနည်းကို အသုံးပြုပြီး သူ့ ရဲ့ အံ့မခန်းဖွယ် စိတ်ကူးတွေကို မွေးမြူခဲ့တာဖြစ်ပါတယ်..။

auu(၃) ဆက်စပ်ကြည့်ပါ..။

...သင်တစ်ခုခုကို မှတ်ထားချင်တယ်ဆိုရင် အဲဒီအရာကို မှတ်ဥဏ်ထဲမှာ ပုံဖော်လိုက်ပြီး သင်မှတ်မိတဲ့ အခြားအရာတစ်ခုခု နဲ့ ဆက်စပ်ကြည့်လိုက်ပါ..။

Hayy(၄) ကျန်းမာအောင်နေပါ..။

...သင့်မှတ်ဥာဏ်စနစ်ရဲ့ အဓိကကျတဲ့ ဦးနှောက်ရှိ သန်းပေါင်းများစွာသော ဆဲလ်တွေဟာ အောက်ဆီဂျင်ကို များစွာလိုအပ်ပါတယ်..။..အောက်ဆီဂျင်ဟာ သင့်မှတ်ဥာဏ်စနစ်ရဲ့ အဓိကကျတဲ့ လောင်စာဖြစ်ပြီး စွမ်းအားတွေကို ထုတ်လုပ်ပေးပါတယ်..။..သင်ဟာကျန်းမာလေလေ သင့်မှတ်ဥာဏ်ကောင်းလေလေပါပဲ..။

Huh?(၅) သတိရဖို့ မမေ့ပါနဲ့..။

...သင်တစ်ခုခုကို မှတ်မိချင်ရင် မှတ်မိချင်တဲ့အရာကို မှတ်မိလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချထားရင် သင့်ရဲ့စိတ်က သင်ဆုံးဖြတ်ချက်ချထားသလို သတိရနေပါလိမ့်မယ်..။

..ဒေါက်တာနုမြတ်..

No comments: