Saturday, January 10, 2009

အဆိုးဆုံးဘဏ်ဓားပြ

၁၉၇၅ခုနှစ် သြဂုတ်လတုန်းက လူသုံးယောက်ဟာ ရော့သ်စီ (Rothesay) မှာရှိတဲ့ စကော့တလန်တော်ဝင်ဘဏ်ကို ဓားပြတိုက်ဖို့ အလာမှာပဲ ဘဏ်ရဲ့ဆုံလည်တံခါး (Revolving Door) ထဲမှာ ပိတ်မိကြပါတယ်။ ဘဏ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပြန်ထွက်လာကြပြီး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောအပြီးမှာ ကသိကအောက် ဖြစ်စွာနဲ့ပဲ အဆောက်အအုံထဲက ပြန်ထွက်သွားကြပါတယ်။

မိနစ်အနည်းငယ်အကြာမှာ ဘဏ်ထဲကို ပြန်ဝင်လာပြီး ဘဏ်ကိုဓားပြတိုက်မယ့် သူတို့ရဲ့ရည်ရွယ်ချက်ကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဘယ်ဝန်ထမ်းကမှ သူတို့စကားကို မယုံကြပါဘူး။ ငွေသား ပေါင် ၅,၀၀၀ ကို တောင်းဆိုတဲ့အခါမှာတော့ ငွေကိုင်စာရေးချုပ်က သူတို့ကို ဟားတိုက်ရယ်ပြီး လာနောက်နေတာလို့ပဲ ထင်နေပါတယ်။ အဲဒါကြောင့် သူတို့ထဲက တစ်ယောက်က ကောင်တာပေါ်ကို ခုန်တက်လိုက်တဲ့အခါ ပြုတ်ကျပြီး ခြေချင်းဝတ် ညပ်သွားပါတယ်။ ကျန်တဲ့နှစ်ယောက်လည်း ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြရင်း ဆုံလည်တံခါးထဲမှာ ထပ်ပိတ်မိကြပြန်ပါတယ်...

No comments: