Monday, February 16, 2009

Myanmar Instant Messenger(Mtalk)

  • Account တစ်ခုကိုလျင်မြန်စွာ လုပ်နိုင်ပါမည်။
  • Mtalk ကိုလွယ်ကူစွာ Setup လုပ်နိုင်ပါမည်။
  • မည်သည့် OS တွင်မဆို Install လုပ်လို့ရနိုင်ပါမည်။
  • Mtalk Server ကိုပြည်တွင်းမှာပဲထားခြင်းကြောင့် ပိုမိုမြန်ဆန်စွာအသုံပြုနိုင်မည်။
  • နောင်တွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့်မြန်မာတယ်လီပို့တို့နှင့် ညှိနှိုင်းကာ မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီပို့တို့၏ Email သုံးစွဲသူများကို Account အသစ်ဖန်တီးစရာမလိုဘဲ မိမိရှိပြီးသား အီးမေးလ်လိပ်စာ၊ Password တို့ကို အသုံးပြု၍ Mtalk ကိုသုံးနိုင်အောင်စီစဉ်နေပါသည်။

Mtalk user အသစ်ပြုလုပ်ခြင်း

http://www.myanmartalk.net/

ခြားနားချက်

Sunday, February 15, 2009

ဗြဟ္မစိုရ် ( ၄ ) ပါး

တန်းတူတွေ့ရင် မေတ္တာဝင် ၊ မဝင်နိုင်ကပြိုင်တပ်သည်
ပြိုင်မည့်အစား မေတ္တာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
နိမ့်သူတွေ့ရင် ဂရုဏာဝင် ၊ မဝင်နိုင်က နိုင်တပ်သည်
နိုင်မည့်အစား ဂရုဏာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
မြင့်သူတွေ့ရင် မုဒိတာဝင် ၊ မဝင်နိုင်က ရွဲ့ တပ်သည် ။
ရွဲ့ မည့်အစား မုဒိတာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
မိုက်သူတွေ့ရင် ဥပေက္ခာဝင် ၊ မဝင်နိုင်က မဲ့တပ်သည် ။
မဲ့မည့်အစား ဥပေက္ခာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ၊ ပြင်ဆင်တိုင်ရပြုတိုင်းလှ ။
သုခနိဗ္ဗန်တိုင်လိမ့်မယ် ။

Thursday, February 12, 2009

သစ်သီးဝလံများနှင့် သင့်ကိုယ်ရည်ကိုယ်သွေး

ပန်သီး
သင်ဟာ စဉ်းစားတွေးခေါ်သူ၊ လေးနက်သူဖြစ်တယ်။ ဇဝနဥာဏ်ရွှင်ပြီး လိမ္မာပါးနပ်ကာ နိုးကြားဖျတ်လတ်တယ်။ သင်ဟာ ထိပ်ဆုံးတက်ဖို့ ပြဿနာမရှိဘူး။ အထူးသဖြင့် လုပ်ငန်းခွင်မှာပေါ့။ သင်ဟာ မိတ်ဖွဲ့ရတာကိုကြိုက်ပေမဲ့ ကိုယ်ပေါင်းသင်းမယ့်သူကိုတော့ စိတ်ကြိုက်ရွှေးချယ်ချင်တယ်။ ဆန္ဒရမ္မက်ကိုထက် အသိဥာဏ်ပိုရှိတဲ့ ဘဝလက်တွဲဖော်ကို သင်လိုလားတယ်။
ငှက်ပျောသီး
သင်ဟာ စိတ်ပျောပျောင်းသူဖြစ်တယ်။ သိမ်မွေ့ယဉ်းကျေးသူတယ်။ နွေးထွေးတယ်။ နှလုံးသား နူးညံ့ပြီး သနားကြင်နာတတ်တယ်။ သင့်ရဲ့ အေးဆေးတဲ့စိတ်ကြောင့် သင့်ကို အသုံးချချင်တဲ့လူတွေဆီမှာ အညံ့ခံရတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်းပြီး ကြောက်တတ်သူဖြစ်ကောင်းဖြစ်မယ်။ သို့တစေ အဆင်ပြေတဲ့ ဆက်ဆံရေးတွေကို သင်နှစ်ခြိုက်ပါတယ်။
ချယ်ရီသီး
သင်ဟာ ငွေရေးကြေးရေးအရရော ၊ အသက်မွေးဝမ်းကျောင်းအရပါ မကြာခဏ အတက်အကျ ရင်ဆိုင်ရသူဖြစ်တယ်။ တီထွင်ဖန်တီးမှုကိစ္စတွေမှာ မကြာခဏ ပါဝင်ပတ်သက်တတ်တယ်။ သင်ဟာ သစ္စာရှိပြီး ရိုးသားဖြူစင်ပေမယ့် ခံစားချက်တွေကို အလွယ်တကူ အဖော်ပြဘူး။ သင့်အိမ်ဟာ သင့်ရဲ့ ကွန်းခိုရာဖြစ်တယ်။ သင့်မိသားစုနဲ့ သင့်ချစ်တဲ့ အဖော်ကြားမှာ နေထိုင်ရတာ သင်အနှစ်ခြိုက်ဆုံး ဖြစ်တယ်။
ဒူးရင်းသီး
သင်ဟာ အသုံးအဖြုန်းကြီးပြီး စိတ်လက်မာန်ပါလုပ်တတ်တယ်။ ပွင့်လင်းတယ်။ သင်ဟာ စည်းရုံးတတ်သူမဟုတ်ပေမဲ့ နှစ်လိုခင်မင်ချင်စရာ ကောင်းတယ်။ အသင်းအဖွဲ့ခေါင်းဆောင်ပီသတယ်။ သင်ဟာ ခရီးသွားရတာကို အလွန်ကြိုက်တယ်။ ရှင်သန်ရတဲ့ဘဝကို တက်ကြွစွာ ရင်ခုန်သူဖြစ်တယ်။ ဒေါသစိတ်ကလေးတော့ နည်းနည်းလျှော့ပါ။
သရက်သီး
သင်ဟာ လှေနံဓားထစ်သမားဖြစ်တယ်။ သင့်ကို လွှမ်းမိုးဖို့မလွယ်ဘူး။ သင်ကြိုက်တာတွေ၊ သင်မကြိုက်တာတွေနဲ့ ပက်သက်လို့ အစွန်းရောက်တယ်။ တစ်ခါတလေ အခြေနေကို ထိန်းချုပ် ချယ်လှယ်ချင်တယ်။ စိတ်ပိုင်းစိန်ခေါ်မှုရှိတဲ့ ကိစ္စမျိုး ပါဝင်ပက်သက်ရတာ သင်ပျော်တယ်။ သင်ဟာ သန်စွမ်းသူဖြစ်ပေမဲ့ သင့်ရဲ့လက်တွဲဖော်နဲ့ ယှဉ်ရင်တော့ ကြောင်ပေါက်စလေးဖြစ်သွားမယ်။
လိမ္ဓော်သီး
သင်ဟာ စိတ်ရှည်တယ်။ စိတ်စွမ်းအား ကောင်းတယ်။ အလုပ်ပင်းပန်းမှာ မကြောက်ဘူး။ အလုပ်ကိစ္စတွေကို ဖြည်းညှင်းစွာ လုပ်ချင်တယ်။ ဒါပေမဲ့ စေစပ့်သေချာတယ်။ သင်ဟာ ရှက်တတ်ပေမယ့် အားကိုးရသူဖြစ်ပြီး ယုံကြည်ထိုက်တယ်။ သင်ဟာ လျှပ်ပေါ်လော်လီသူ မဟုတ်ပေမဲ့ နှစ်နှစ်ကာကာ ချစ်တတ်သူဖြစ်တယ်။
သင်္ဘောသီး
သင်ဟာ အကြောက်တရားကင်းမဲ့ပေမယ့် သင်လုပ်ရမယ့်ကိစ္စတွေကို သေသေချာချာစဉ်းစားတယ်။ သင်ဟာ အလုပ်အကိုင်နဲ့ ပက်သက်လို့ ကိုယ်လိုတာ ရအောင်ယူတယ်။ အချိန်မှန်၊ နေရာမှန်ရောက်အောင် လည်းလုပ်တတ်တယ်။ သင်ရဲ့ဟာသဥာဏ်ကြောင့် ဆန့်ကျင်ဘက်လိင်တွေက သင့်ကို ပိုပြီး စိတ်ဝင်စားတယ်။
သစ်တော်သီး
သင်ဟာ စိတ်မတည်ငြိမ်သူ ဖြစ်တတ်ပြီး သင်စိတ်တက်ကြွစွာ စတင်တဲ့အလုပ်တစ်ခု ပြီးစီးအောင် လုပ်ဖို့ အခက်အခဲတွေ့တတ်တယ်။ သင်ဟာ ရလဒ်ကို ချက်ချင်းမြင်ချင်တာကြောင့်ပေါ့။ သင်ဟာ စိတ်လှုံ့ဆော်မှုကို ကြိုက်ပြီး ကောင်းသော ဆွေးနွေးမှုကို နှစ်သက်တယ်။ သင်ဟာ အလွယ်တကူ ရင်ခုန်တက်ကြွပြီး တစ်ခါတရံ စိတ်ဂနာမငြိမ် ဖြစ်တတ်ပါတယ်။
မက်မုံသီး
သင်ဟာ ရင်းနှီးဖော်ရွေပြီး ပွင့်လင်းတယ်။ အလွယ်တကူ သင့်ကို ခွင့်လွှတ် မေ့ပျောက်လို့ ရတယ်။ အမှီအခိုကင်းပြီး ရည်းမှန်းချက်ကြီးမားတဲ့စိတ်ဟာ သင့်ကို လိုတာရအောင်ယူတတ်သူဖြစ်စေတယ်။ သူများတကာရှေ့မှာ ဆန္ဒရမ္မက်ကြီးပုံ၊ ဒေါသကြီးပုံ မပေါ်စေတဲ့ သင်ဟာ သင့်ချစ်သူအပေါ်မှာ ရိုးသားပြီး သစ္စာရှိတယ်။ ခင်မင်ရင်းနှီးမှုတွေကို အထူးတန်ဖိုးထားတယ်။
နာနတ်သီး
သင်ဟာ လျှင်မြန်စွာ ဆုံးဖြတ်တတ်သူ၊ လျှင်မြန်စွာပြုမူတတ်သူ ဖြစ်တယ်။
ထူးကဲတဲ့ စည်းရုံးရေးစွမ်းရည်ရှိတယ်။ ကိုယ့်အားကိုယ်ကိုး သူးအများနဲ့ ဆက်ဆံရာမှာရိုးသားဖြူစင်သူဖြစ်တယ်။ အလွယ်တကူ မိတ်ဆွေမရတတ်ပေမယ့် ရတဲ့အခါကျတော့ အဲ့ဒီသူနဲ့ တစ်သက်လုံး ပေါင်းတယ်။ သင်ဟာ
အချစ်ရေးနဲ့ပက်သက်လို့ ဆွေးနွေးဖို့ကမ်းလှမ်းခြင်း ဘယ်တော့မှမလုပ်ဘူး။
စတော်ဘယ်ရီးသီး
သင်ဟာ သိမ်မွေ့ယဉ်ကျေးပေမယ့် ဒေါသကြီးတယ်။ အစုအဖွဲ့နဲ့ နေတတ်တဲ့ သင့်ရဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတယ်။ ဘဝအပေါ် စိတ်အားထက်သန်ခြင်းကြောင့် သင်ဘာလုပ်လုပ် ပျော်ရွှင်မှုရရှိတယ်။

Sunday, February 8, 2009

စင်္ကာပူလူမျိုးတွေ ဘာကြောင့် ပီကယ်မစားသလဲ

စင်္ကာပူ ၀န်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပြစ်လဲ။
ထိုင်းဘုရင် ။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပြစ်လိုက်တယ်။
စကာင်္ပူ ၀န်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့
ပြစ်ပြီး လိမ္မော်သီး ယို လုပ်တယ်ဗျ။

ဒါနဲ့ စကာင်္ပူ ၀န်ကြီးလဲ ပီကယ်မှာလိုက်ပါတယ်.စားပြီးသွားတော့ ပန်းကန် ပေါ်
ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။

စင်္ကာပူ ၀န်ကြီး ။ ။ ပီကယ် ကိုရော ဘုရင် တို့ ထိုင်းနိုင်ငံမှာ ဘာလုပ်သလဲဗျ။
ထိုင်းဘုရင် ။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို
စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့ထိုင်းနိုင်ငံကို တင်ပို့
ရောင်းချတယ်။

ဆက်ပြီးတော့ ဘုရင်ကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။
ပြန်ခါနီးကြမှ ဘုရင် က မေးခွန်းတစ်ခု ထမေးပါတယ်။

ထိုင်းဘုရင် ။ ။ မင်းတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။
ထိုငိးဘုရင် ။ ။ အေး၊ ငါတို့ စီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို
ပို့ပြီး စင်္ကာပူကို တင်သွင်း ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ကွ

နတ်မိမယ်

သားငယ်... ။ မေမေ နတ်မိမယ်ဆိုတာ ဘယ်လို မျိုးလည်းဟင်...
မိခင်.. .။ နတ်မိမယ်ဆိုတာ အင်မတန်ချောမောလှပ ပြီး ကောင်းကင်မှာ
ပျံနိုင်တဲ့ နတ်သမီးတစ်ပါးလိုပါပဲ သားရဲ့ ။
သားငယ်...။ ဟင်...ဒါဆိုသားတွေ့ လိုက်တဲ့ နတ်မိမယ် က မပျံတတ်ဘူးမေမေ။
မိခင်......။ သားက ဘယ်တုန်းကများတွေ့ တာတုန်းသားရဲ့ မေမေကိုပြောပါဦး။
သားငယ်...။ မနေ့ က ဖေဖေ က ဟိုဘက်ခန်းမှာနေတဲ့ အန်တီရဲ့ တင်ပါးကိုပုတ်ပြီး
မင်းဟာနတ်မိမယ် ပါပဲကွာ တဲ့.

အနမ်းပေါင်း ၁၀၀

သို့
အချစ်လေးရေ

ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး

မင်းရဲ့
ကိုကို

နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်

သို့
ယောက်ကျားရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။

ကိုကို့ရဲ့
ချစ်လေး

Wednesday, February 4, 2009

နည်းပညာတိုးတက်ပြောင်းလဲခြင်း

ချင်းစိမ်းနဲ့ မိဿလင်

လင်မယားဆိုသည်မှာ

ညားပြီးတစ်နှစ် အချိန်လောက်ထိ ရုပ်မြင်သံကြားလေးလိုပါပဲ
အသံလေးလည်းကြားချင် အရုပ်လေးလည်း မြင်ချင်
ကြားမ၀ ရှုမဆုံးပေါ့

ကလေးတစ်ယောက်ရပြီးချိန်မှာတော့
ရေဒီယိုလေးဖြစ်သွားတယ်
အသံပဲကြားချင်တော့တယ်
ဒီရုပ်ကြီးကို မမြင်ချင်တော့ဘူး
ကလေးနှစ်ယောက်လောက်ရပြီးချိန်မှာတော့
ဘောလုံးလေး ဖြစ်သွားပါတော့တယ်


အလကားနေရင်းကန်ချင်နေတော့တာ နောက်ဆုံးကို
ဆယ်လှမ်းလောက် ဆုတ်ပြီး ကျုံးကျုံးပြီး ကန်ချင်တော့တာပဲ

ဂျင်းစိမ်းနဲ့ မိတ်သလင် ဇာတ်ကားမှ ကူးယူ ဖော်ပြသည်။

ပျော်ရွှင်ချမ်းမြေ့ပါစေ

ACACIA / ထနောင်း


Monday, February 2, 2009

နောင်တ ၁၀ မျိုး

၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာ မသင်ခဲ့မိလေခြင်း။

၂။ ဥစ္စာ မစုဆောင်းမိခဲ့လေ ခြင်း။

၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။

၎။ သူတပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။

၅။ သူတပါး၏ မယားကို ပြစ် မှားမိခဲ့လေခြင်း။

၆။ ဥစ္စာပစ္စည်း ရှိလျှက် မလှူမိခဲ့လေခြင်း။

၇။ ဆုံးမစကားကို နားမ ထောင်မိခဲ့လေခြင်း။

၈။ မိဘကို မလုပ်ကျွေး မိခဲ့လေခြင်း။

၉။ ပညာရှိထံ နည်းခံ၍ မသင်ကြား မိခဲ့လေခြင်း။

၁၀။ မြတ်သော အကျင့်ကို မကျင့်မိခဲ့လေခြင်း။

ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ

ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ

ပစ္ပုပ္ပန်ကို အသုံးချတတ်စေ
“ယနေ့ လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ”

အလွယ်ကြိုက်သူများသတိထား
“လောက၌ သတ္တ၀ါတို့သည် အရာရာ၌ပင် အလွယ်ကြိုက်တတ်၏။ ရွှေငွေစသော ရတနာတို့ကို သူသူငါငါ နေ့ရောညဥ့်ပါ ရရှိအောင် ကြံဆောင် အားထုတ်ကြသော်လည်း ကြံတိုင်းမရနိုင်။ ရရှိဖို့ရန် ခဲယဉ်းလှသည်ကို သိကြပါလျက် အချို့လူလိမ်များက ရွှေတစ်ကျပ်သားရှိလျှင် အလွယ်နှင့် နှစ်ကျပ်သား ဖြစ်စေမည် စသည်ဖြင့် အလွယ်လမ်းကို ၀ါကြွားလှည့်ဖြားပြောဆိုလိုက်လျှင် အလွန်တရာအားရ၍ ရှိသမျှ ရွှေတိုငွေစကလေးများကို လှည့်ဖြားယူဆောင်သွားသောအခါ ရွှေလိမ်ငွေလိမ် မိသည့်အတွက် များစွာ သောကရောက်ကြရ၏။ ထိုသို့ရောက်ရခြင်းမှာ အလွယ်ကြိုက်မိသောကြောင့် ဖြစ်သည်။ အလွန်တရာ ရခဲလှသည့် မဂ်ဖိုလ်တရားနှင့်စပ်၍လည်း အလွယ်ကြိုက်တတ်သူတို့အတွက် မြှိုက်တတ်လိမ်တတ်သည့် ဆရာများ ရှိတတ်ပေသည်”

မိမိကိုယ်ကို အားကိုးသူဟူသည်
“မိမိကိုယ်ကို အားကိုးပြုနေတတ်သူသည် အရာရာ၌ လွတ်လပ်သည်။ စိတ်ဓာတ်အားခိုင်၍ လောကဓံကို ခံနိုင်စွမ်းရည် ရှိသည်”

မိမိ သူတစ်ပါး နှစ်ဦးသားအတွက်
“ကလျာဏနွယ်ဝင် သူတောင်စင်အပေါင်းတို့-
မိမိတို့မှာ ရှေးကုသိုလ်တောက်ပ၍ လူအဖြစ်ကို ရရှိကြပြီးလျှင် ဘုရားသာသနာ ပွင့်လင်းရာအခါဖြစ်သည့် ဗုဒ္ဓပ္ပါဒန၀မ အခွင့်ကောင်းနှင့်လည်း ကြုံတောင့်ကြုံခဲ ကြုံတွေ့ကြရလေပြီ။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို ဆိုသကဲ့သို့ သာသနာတော်၏ အရိပ်ကြီးက သစ်ရိပ်ဝါးရိပ်တို့ထက် အဆများစွာ မနှိုင်းသာအောင် သာယာအေးမြလှပါသည်။
ကမ္ဘာသူကမ္ဘာသား သတ္တ၀ါအများ၏ ခိုကိုးရာ အေးရိပ်သာကြီးဖြစ်သည့်အတိုင်း ထိုသာသနာအရိပ်ကြီး ပွားစီးအောင် ကိုယ်အားဉာဏ်အား အကြံဉာဏ်အားတို့ဖြင့် အားပေးဆောင်ရွက်ကြ၍ မိမိ သူတစ်ပါး နှစ်ဦးသား၏ အစီးအပွားကိုကျင့်သည့် ဥဘယပဋိပန္နပုဂ္ဂိုလ်များ ဖြစ်ကြပါကုန်လော့ဟူ၍ တိုက်တွန်း နှိုးဆော် ဥယျောဇဉ်စကား ပြောကြားအပ်ပါသည်။ ကလျာဏနွယ်ဝင် သူတော်စင်အပေါင်းတို့”

( မင်းနန် [မော်ကျွန်း] ရေးသားသည့် “ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ” စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြ၍ ဓမ္မဒါနပြုပါသည် )