Saturday, January 31, 2009

ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်

ယောက်ျားနှင့် မိန်းမ

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။
ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။
မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။

မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး
ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။

မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု
ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ
ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင်
ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး
အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး
မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ
ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို
စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည်
ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု
ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင်
စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်း
ဆိုရလျှင်.....မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည်
ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး
ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး
ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း
မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း
မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း
ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင်
အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့်
မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏
ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။
ဒီပို့စ်လေးက သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့က ပို.ပေးထားတာလေးပါ ... သဘောကျလို့
သူငယ်ချင်းတွေမျှဝေခံစားစေချင်လို့ ပို့ပေးလိုက်ပါတယ် ....

Wednesday, January 28, 2009

မိန်းမတို့၏ ညို့ချက် (၈)ချက်

1. တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။

2. တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။

3. တစ်ချို့မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရှေ့ရောက်ရင် ကြောက်ပြ၊
စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။

4. တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်လေး "လဇ္ဇ"လို့ခေါ်တယ်။

5. တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။
အဲ့ဒါကတော့ ညှို့ချက်နံပါတ်ငါး "မန္ဓ၀ါစာ"လို့ခေါ်တယ်။

6. မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။

7. မျက်ရည်ကျပြတာက ခုနှစ် "ရုဒါ"တဲ့။

8. မခံချင်အောင် စကားနာထိုးတာက ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။

ဘယ်ပညာရှိ သေချာလေ့လာထားလဲတော့မသိဘူး။ စိတ်ဝင်စားလို့ တင်လိုက်တာ ။
(တာရာမင်းဝေ) ထဲကပါ။
လွတ်အောင်တော့ ရှောင်ကြနော် အမောင်ယောင်္ကျားသားတို့ .... မရှောင်နိုင်ရင် ဂန့် မယ် ....

Tuesday, January 27, 2009

မြန်မာ့သနပ်ခါး

မြန်မာနိုင်ငံတွင် သနပ်ခါးသုံးလာသည့် အလေ့အထမှာ နှစ်ပေါင်း(၂,၀၀၀) ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မြန်မာ့သီချင်း၊ ကဗျာ များတွင် ဖွဲ့ဆိုဖော်ပြခဲ့ကြသည်။ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား ပြတိုက်တွင် ပြသထားသည့် အဖိုးတန်ပစ္စည်းတခုမှာ ၁၅ ရာစု မှ ဘုရင့်နောင်၏ သမီးတော် ဓာတုကလျာ သနပ်ခါးသွေးသည့် ကျောက်ပြင် ဖြစ်သည်။

သနပ်ခါးပင်မှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ တချို့နေရာများနှင့် ဟိမ၀န္တာတောင်တန်းတွင် ပေါက်ရောက်ပြီး အခေါက်မှ ထွက်လာသည့် အဖြူရောင်အနှစ်ကို အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ရွှေဘိုနှင့် ပခုက္ကူ၊ ရှမ်းပြည်နယ်တို့မှ ထွက်သည့် သနပ်ခါးကို အထူးတန်ဖိုးထား သုံးစွဲကြသည်။

မြန်မာတို့က သနပ်ခါးကို အလှချယ်သရန်အဖြစ် သုံးကြသော်လည်း ဆေးဘက်အရလည်း အသုံးဝင်သည်။ အထူးသဖြင့် အရေပြားရောဂါများကို ကုသပျောက်ကင်းနိုင်သည်။ သနပ်ခါးအနှစ်က အရေပြားအပေါက်များကို သေးကျုံ့စေပြီး အဆီ ပြန်ခြင်းကိုလည်း ကာကွယ်ပေးသည်။ ထို့အပြင် အရေပြားတွန့်ခြင်းကို ကာကွယ်ပေးရုံမျှမက နေရောင်ခြည်မှ အန္တရာယ် ဖြစ်စေသည့် ဓာတ်ရောင်ခြည်များကိုလည်း ကာကွယ်ပေးနိုင်သည်။

သနပ်ခါးပင်မှ အသီးနှင့် အမြစ်များကိုလည်း အခြားအနာရောဂါများ ကုသရန်အတွက် ညွှန်းလေ့ရှိကြသည်။ အစာအူ လမ်းကြောင်းရောဂါများမှ အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာများအထိ ပျောက်ကင်းစေသည်ဟု ဆိုကြသည်။

လက်ရှိ ကနော့သနပ်ခါး ကုမ္ပဏီ၏ တနှစ်ရောင်းချရသည့် ပစ္စည်းတန်ဖိုးမှာ ထိုင်းဘတ် ၂ သန်းမှ ၃ သန်းခန့် (အမေရိကန် ဒေါ်လာ ၄၃,၀၀၀ မှ ၆၅,၀၀၀ ခန့်) အထိရှိနေပြီး ကုမ္ပဏီက ဆက်လက်တိုးချဲ့ရန် အစီအစဉ်များလည်း ရှိနေသည်။

ယင်း ကုမ္ပဏီ၏ နိုင်ငံခြားကုန်ပစ္စည်းတင်ပို့ရေး အမှုဆောင်အရာရှိတဦးဖြစ်သူ ကွန်ဝေါင်း (Kwan Wong) က “သနပ်ခါးက မကြာခင်မှာ ဒီထက်ပိုကြီးတဲ့ ဈေးကွက်ရလာဖို့ မျှော်လင့်ထားပါတယ်” ဟု ဧရာဝတီ သို့ ပြောကြားသည်။

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်

၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။
၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
၅) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
၆) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။
၈) ဆေးလိပ်သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ်သောက်တတ်သူတွေ ကျွန်တော့် Blog ကို လာဖတ်ကြပါတော့မလားတောင် မသိဘူးး)) ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။
၉) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၁၀) မနက်စာမစားခြင်း

မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

ဘေးထွက်ဆိုးကြိုးမရှိတဲ့ ပိန်အောင်လုပ်နည်း

၁။မနက်စာအားများများစားပါ။
၂။နေ့လည် ၁၂း၀၀ မှ ၃း၀၀ အထိ ဘာမှမစားပါနှင့်။
၃။၃း၀၀ ကျော်ပါကကြိုက်နှစ်သက်ရာစားနှိင်သည်။
၎။ညစာအား၆း၀၀ မှ ၆း၃၀ အတွင်းစားပါ။
၅။၆း၃၀ကျော်ပါက အသီးအနှံမှလွဲပြီး ဘာမှမစားပါနှင့်။

ဘီလ်ကိတ်ပြောတဲ့ဘ၀ (၁၀) ခု

ကိုယ်တိုင်တော့ဘာမှမရေးတတ်ဘူးနော်။ သူများဟာကူးထားတာ။
ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

မှတ်ဥာဏ်တွေကောင်းမွန်စေမည့်နည်းလမ်းများ

(၁) လေထဲမှာ တိုက်အိမ်ဆောက်ပါ..။

...ကိုယ်ဖြစ်ချင်တာတွေ ၊ လုပ်ချင်တာတွေကို ကောင်းကောင်းသာ စိတ်ကူးယဉ် ကြည့်ပါ..။..စိတ်ကူးယဉ်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ကျေနပ်ပျော်ရွင်လာပြီး ဦးနှောက်ကြွက်သားတွေကိုပါ လေ့ကျင့်ခန်းလုပ်ပေးရာ ကြပါတယ်..။

( Roll Eyes၂) စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပါ..။
Hayy Hayy Hayy
...စိတ်ကူးထဲ ပုံဖော်ခြင်းဟာ မှတ်ဥဏ်တွေကောင်းဖို့ အတွက် အဓိကကျတဲ့ လေ့ကျုင့်ခန်းပါပဲ..။..ဥပမာ ပန်းအိုး ဒါမှမဟုတ် သစ်သီးဝလံတွေ ထဲ့ထားတဲ့ ပန်းကန်အ၀ိုင်းကို တနေရာထဲမှာ ထားပြီး စိုက်ကြည့်ပါ..။..ပြီးရင် မျက်လုံးကို မှိတ်လိုက်ပြီး သင့်ရဲ့ မှတ်ဥဏ်ထဲမှာ ခုဏက ကြည့်ထားတဲ့ အရာကို ပြန်ပုံဖော်ကြည့်ပါ..။..ကဗ္မာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီ ဟာ ဒီနည်းကို အသုံးပြုပြီး သူ့ ရဲ့ အံ့မခန်းဖွယ် စိတ်ကူးတွေကို မွေးမြူခဲ့တာဖြစ်ပါတယ်..။

auu(၃) ဆက်စပ်ကြည့်ပါ..။

...သင်တစ်ခုခုကို မှတ်ထားချင်တယ်ဆိုရင် အဲဒီအရာကို မှတ်ဥဏ်ထဲမှာ ပုံဖော်လိုက်ပြီး သင်မှတ်မိတဲ့ အခြားအရာတစ်ခုခု နဲ့ ဆက်စပ်ကြည့်လိုက်ပါ..။

Hayy(၄) ကျန်းမာအောင်နေပါ..။

...သင့်မှတ်ဥာဏ်စနစ်ရဲ့ အဓိကကျတဲ့ ဦးနှောက်ရှိ သန်းပေါင်းများစွာသော ဆဲလ်တွေဟာ အောက်ဆီဂျင်ကို များစွာလိုအပ်ပါတယ်..။..အောက်ဆီဂျင်ဟာ သင့်မှတ်ဥာဏ်စနစ်ရဲ့ အဓိကကျတဲ့ လောင်စာဖြစ်ပြီး စွမ်းအားတွေကို ထုတ်လုပ်ပေးပါတယ်..။..သင်ဟာကျန်းမာလေလေ သင့်မှတ်ဥာဏ်ကောင်းလေလေပါပဲ..။

Huh?(၅) သတိရဖို့ မမေ့ပါနဲ့..။

...သင်တစ်ခုခုကို မှတ်မိချင်ရင် မှတ်မိချင်တဲ့အရာကို မှတ်မိလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချထားရင် သင့်ရဲ့စိတ်က သင်ဆုံးဖြတ်ချက်ချထားသလို သတိရနေပါလိမ့်မယ်..။

..ဒေါက်တာနုမြတ်..

Monday, January 26, 2009

ဆန့်ကျင်ဘက်အပေါ်ဆွဲဆောင်နည်း

ယောကျာ်းလေးများအနေဖြင့် မိန်းကလေးများကို ဆွဲဆောင်လွှမ်းမိုးရန်နည်းလမ်းများ
၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက် :-D )။
၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) ပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၎- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင်
ကလိထိုး၍ရယ်ခိုင်းပါ)။
၅- သူမ အပေါ်အလေးအနက်ထားပါ၊( ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး
စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ)။
၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင်
မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊
မိန်းကလေးများ အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။
၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ
ဖြစ်နေရမည်)။
၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊
ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( အခြားသူများက သူမအား ငပေါဟု မြင်လာ၍
သူမအားထောက်ခံသောသင့်အား တပည့် 
မွေး ပါလိမ့် မယ်)။
၁၁-သူမ အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့
တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု
ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့အား ဆွဲဆောင်နည်းတည်း။

ရည်းစားဟောင်းလက်ချာ

(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။
(၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။
(၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။
(၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု သနားသောလေသံဖြင့်ပြောပါ။
(၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။
(၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင် ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။
(၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။
(၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍ သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ ဆုတောင်းပါ။
(၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်…. တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။
(၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်.. တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ satellite ကနေ ကြည့်

ဒီနေ့ ခေတ်အား IT ခေတ်ဆိုတဲ့ အတိုင်း အရမ်းတိုးတက်တာ အံ့သြသင့်စရာပါပဲ .....
အခုပဲ satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ အလွယ်တကူကြည့်လို့ ရပါတယ် ..
ဘာမှမလိုအပ်ပါဘူး .. မိမိချစ်သူရဲ့ GSM ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးယုံပါပဲ ..
satellite ကနေ GSM Network နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးတာပါ ..
ကော်နက်ရှင် အရမ်းကောင်းစရာလဲ မလိုပါဘူး .. ကျနော်ရှာတာတော့ သေချာတွေ့ ရပါတယ် ....
မြန်မာမိသားစုဝင်အချင်းချင်း လက်တို့ ပေးလိုက်ပြီးနော် .. အောက်ကလင့်ကို ပြေးပေတော့ ..
လုပ်နည်းကတော့ Countery ကိုရွေး ၊ ပြီးရင် မိမိချစ်သူ ဖုန်းနံပါတ်ကိုထည့် ဒါဆိုရပါပြီး ..

http://www.themobiletracker.com/english/index.html

Sunday, January 18, 2009

နဂိုအတိုင်းဘဲ ကောင်းပါတယ်

ဆရာခင်ဗျား..
ကျွန်တော့် ရဲ့ ကွန်ပြူတာ Program ပြဿနာတွေနဲ့ ပတ်သက်လို့  ဆရာ့ထံသို့တင်ပြ အကြံ ဉာဏ်တောင်းလိုပါတယ်။
ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ Program ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့
Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ့  အခြား Valuable Resources တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ့  Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း မတွေ့ ခဲ့ရပါဘူး၊၊ အဲဒီ အပြင်
Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေးဆွဲတပ်ဆင်ပြီး နဂိုမူလ system ထဲရှိပြီးသား Activities တွေကိုထိန်းကွပ်တော့တာပါဘဲ၊၊ ဥပမာ အားဖြင့် KaraOK night 10.3 နဲ့  Beer Bash 2.5 ကဲ့သို့ သော Program တွေဟာ လုံးဝ မလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်၊၊ Wife 1.0 ရဲ့  စွမ်းဆောင်ချက်တွေပါဘဲ၊၊
Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊
ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall လုပ်ကြည့်ပါတယ်၊ ဒါပေမဲ့ Uninstall ကလည်း လုံးဝအလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီပြ ဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား၊၊
Mr.JP ခင်ဗျား..
လူကြီးမင်းကြုံတွေ့ နေရသောပြဿနာသည် အလွန်ယေဘူယျကျပြီး လူတော်တော်များများ၏ မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။ လူအများစုက Wife 1.0 သည် Utilities & Entertainment program တစ်ခုလိုထင်ကြပြီး Girlfriend 1.0 မှ Wife 1.0 သို့  Upgrade လုပ်ကြတာပါဘဲ၊၊
အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment program မဟုတ်ဘဲ Operating System တစ်ခုဖြစ်ပါတယ်။Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများ လုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာပုံစပြု ထုတ်လုပ်ခဲ့တာပါ။ အဲဒီ Program ကို system ထဲမှာ install လုပ်ပြီးတာနဲ့  uninstall Delete(သို့ ) Purge လုပ်လို့ မရပါဘူး ။ Girlfriend 1.0 ကိုလည်းပြန် သွားလို့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူ့ ကို Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကိုပြန်သွားလို့ မရအောင် စီမံထားလို့ ပါဘဲ။
တချို့  ကတော့ Girlfriend 2.0 တို့  Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး System ထဲ မှာ install လုပ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှု မရဘဲ မူလထက် ရှုပ်ထွေး မှုများနဲ့  အဆုံး သတ်ကြတာတွေ့ ရပါတယ်။ ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0 ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။ ဖြစ်လာတဲ့ အခြေနေ အရပ်ရပ်ကို သတိ၊ ဥာဏ်ပညာ နဲ့  ယှဉ်ပြီး ရင်ဆိုင်ပါ။ ကျွန်တော် ကိုယ်တိုင် Wife 1.0 ကို install လုပ်ထားသူတစ်ယောက် အနေ နဲ့  အကြံပြုချင်တာ နောက်တစ်ခုကတော့ Wife 1.0 တစ်ခုလုံးနဲ့  သူ့ ရဲ့ 
eneral Protection Faults(GFPs) တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။ ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ့  အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှုတွေကို ကြိုတင်ပြီး ခန့် မှန်း ထားကြည့်ပါ။
အကယ်၍ အဲဒီ Program ဟာ ဘာမှ ဆက်လုပ်လို့ မရလောက် အောင် ကြုံတွေ့  နေရပြီ ဆိုရင် တော့ Apologies ဆိုတဲ့ ခလုတ်ကို အရင်နှိပ်ပါ။ ပြီးရင် Reset ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။ GFPs တွေ အားလုံး ရဲ့  ပြစ်ချက်တွေ ဟာ မိမိကြောင့်ပါ လို့  တာဝန်ယူထားသမျှ System ကြီးတစ်ခုလုံးဟာ ချောမွေ့ စွာနဲ့ အလုပ်လုပ်နေပါလိမ့် မယ်။
တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။ ဒါပေမဲ့ အင်မတန် အဆင့်မြင့်မားတဲ့ ပြုပြင်ထိမ်းမှု လိုအပ်တာတော့အမှန်ပါ။

ဟာသများ

မိန်းမများနှင့်တူသော အားကစား
15 & 20 ကြား ဘောလုံး 22 ယောက် ၀ိုင်းလုသည်
20 & 25 ကြား ဘတ်စကတ်ဘော 12 ယောက်ဝိုင်းလုသည်
25 & 30 ကြား စားပွဲတင် တင်းနစ် 2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ် ဒီဖက်ပုတ်ထုတ်
30 & over ဂေါက်သီး ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်
..............................................................................................................................................
မင်းတို့သိရဲ့လား
နွားသိုးခြံတစ်ခုမှာ ပေါ့
နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀၀ ရှိတာပေါ့....နွားသိုး ၃ကောင်က ခွဲတန်းနဲ့နွားမတွေကို ပိုင်ကြ တယ် အကြီးဆုံးကောင်က ၅၀ ပိုင်တယ်
အလတ်ကောင်က ၃၀ . အငယ်ဆုံးကောင်က ၂၀ ပေါ့ တစ်နေ့မှာ ခြံရှင်က နွားပေါက်နုန်းနည်းလိုဆိုပြီးနွား သိုတစ်ကောင်ထပ်ဝယ်တော့ နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး သူတိုရဲနွားမတွေခွဲပေးရမှာဆိုတော့..
သူတို ၃ ကောင်တိုင်ပင်တာပေါ့ အကြီးဆုံးကောင်က စပြီးပြောတယ် "
ငါကတော့တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ " အလတ်ကောင်ကလည်း "ငါလည်းမပေးနိုင်ဘူး" ဒေါသ တွေထွက် နေကြတာပေါ့ ၃ကောင်စလုံး.....
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့နွားသိုးအသစ်က ရောက်လာရော ၁၀ ဘီးကားနဲခြံထဲဝင်လာတယ် ကားပေါ် ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောငထောင်သွားတယ် နွားသိုး ၃ကောင်လန့်သွားတာပေါ့ ဒါနဲအကြီးဆုံးကောင်က "ငါတော့ ၂၀ ကောင်လောက်ခွဲပေးလိုက်တော့မယ် ကွာ အလတ်ကောင်ကလည်း အေငါလလည်း ၁၀ ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ"
အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်.....
ဒါနဲ့ အကြီး ၂ ကောင်ကမေးတာပေါ့ "ဟဲကောင်မင်းလဲနဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်"
ပေါ့ဒါနဲ့အငယ်ကောင်ကပြန်ပြောတယ်" အေးငါသိတယ်ကွ
ငါ့ကိုအထီးမှန်းသိအောင်ငါလုပ်ပြနေတာ မင်းတို့သိရဲ့လားတဲ့"
.......................................................................................................................................
*တရားမျှတလိုက်ပုံက*
တစ်ခါက ဆိတ်တစ်ကောင် က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီး
ပစ်လို့ မောင်အေးက ရိုက်သတ်လိုက် သတဲ့။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင် မောင်ခွေး က တင်းပြီး ထင်းတုံး နဲ့ ပေါက်လိုက်တာ မောင်အေးမိန်းမ ကိုမှန်ပြီးကိုယ်ဝန် သုံလပျက်ကျ သွာတယ်။ ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ တရားရုံးကို
ရောက်လာတော့ တရာသူကြီး က အဖြစ်အပျက် အစုံအလင်ကို နားထောင်ပြီး စီရင်ချက်ချလိုက်
ပုံက မောင်အေး က မောင်ခွေး ရဲ့ဆိတ်ကို သတ်လို့ ဆိတ်တစ် ကောင်ပြန် အစားပေးစေ။ မောင်ခွေး က မောင်အေး မိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့ မောင်အေး မိန်းမကို ကိုယ်ဝန် သုံးလ ရှိ အောင်ပြန်လုပ်ပေးစေတဲ့။
.........................................................................................................................................
*လူမှားလို.*
အလွန်အေးတဲ့ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံးစံအတိုင်း
နှင်းလျှောစီးဘို.
မိန်းမကိုနှုတ်ဆက်ပြီး ထွက်ခဲ.တယ်။လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့
လှည့်ပြန်လာပြီး
'အားးးးးးးးးး ဒီနေ.ရာသီဥတုကတော်တော်ဆိုးတာပ'ဲ လို.ပြောပြီးမိန်းမဘေ
းပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲပြန်ပြောလိုက်ပုံက
'ဒါတောင်အိမ်ကကောင်ကြီးက နှင်လျှောစီးဖို.သွားသေးတယ်' တဲ့။
*ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား*
မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့  တောမှာနေတဲ့
အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
အဖေ။ ။''ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား''
သား။ ။ ''မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။''
အဖေ။ ။ ''အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။''
................................................................................................................................
အိုဆေး
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်
လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ
မ့်နေသောလူကောင်သေးသေး
အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။
" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့
ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကို
ဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး
လေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."
............................................................................................................................
ကောင်းရော....
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွား ခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင် ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက် တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။
ဖြစ်ရလေကွယ်....
ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ သင်ပေးနေတယ်။ ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေ ကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ်"မေမေ"တဲ့။
.....................................................................................................................
တီဗွီတစ်လုံး မြန်မြန်ပေးပါ
ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ ကောင်လေးက အမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို "ကောင်လေး ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်..
ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်မယ်"လို့ပြောလိုက်တယ်။
ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေး တော့တယ်။ "ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။ ကောင်လေး ကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့
ဒုတိယတစ်စောင်ကိုကောက်ရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်"လို့ ပြင်ရေး လိုက်တယ်။
ကောင်လေးကစာကိုတစ်ခေါက်ပြန်ဖြစ်ကြည့်ပြီးမကြိုက်လို့တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။
"ဘုရား သခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကိုသွားခဲ့တယ်။ ဘုရား ကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ ကောင်လေးကစတုတ္ထမြောက်စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင် ကျနေ တာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို တီဗွီ တစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။
မစားချင်ဘူးလား
စိတ္တဇဆေးရုံတွင်ဆေးရုံအုပ်ကြီးကလူနာများအား ပြောကြားသည်မှာ...
" မနက်ဖြန်လူကြီး တစ်ယောက်ဆေးရုံမှာလာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့အားလုံး လုပ်ခုပ်တီးကြပါ။ဒါဆို မင်းတို့ကိုကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ရောက်သောအဆင်ပြေစွာ ဟောပြောပြီးဆုံးသောကြောင့်လူကြီးကလွန်စွာကျေနပ်
လေ၏။ထိုအခါဆေးရုံအုပ်ကြီးကချောင်းဟန့်လိုက်၏ ထင်ထားသည့်အတိုင်းအားလုံးက၀မ်းမြောက်စွာ
လက်ခုပ်တီးကြလေသည်။ သို့သော်မထင်မှတ်သော အဖြစ်တစ်ခုလည်းဖြစ်သွားသည်။ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက်လူကြီးဖြစ်သူအား ပါးချလိုက်ခြင်းဖြစ်သည်။အားလုံးမင်တတ်နေစဉ်
သူပြောလိုက်သောစကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာမသိဘူးလား ကြက်သားဟင်းမစားချင်ဘူးလား။ "
............................................................................................................................................
ဟွန်း..မလိုရင်ကူပြီ
ရထားတစ်စီးပေါ်တွင်ပိန်ပိန်ပါးပါးအသက်ခပ်ကြီးကြီး အမျိုးသားကြီးတစ်ယောက်ပုံကားအလွန်အားနည်းပုံ ပေါက်သည်။ သူဆင်းမည့်ဘူတာရောက်သောအခါတိုက်ရိုက်တည့်တည့်မဆင်း နိုင်ပဲတံခါး ပေါက်မှ လက်ကိုင်သံတန်းကိုဖြည်းဖြည်းဆင်းနေသည်။
ကံကောင်းထောကမစွာဖြင့် ကူညီတတ်သောအစောင့် တစ်ယောက် ရောက်လာပြီး သူကိုကျောမှထိန်းပေးသည်။သို့သော် ရထားပေါ်တတ်ရန်းကြိုးစားနေသည်ဟုထင်၍ရထားပေါ်ပြန်တွန်းတင် လိုက်သည်။ တံခါးပေါက် ချက်ချင်းပိတ်သွားပြီးရထားကဆက်ထွက် လာခဲ့ သည်။ အဘိုးအိုမှာ နောက်ဘူတာရောက်သည် အထိသူ့အဖြစ်ကို မကျေမနပ်ဖြင့်မည် တွန်တောက်တီးလာပါတော့သည်။
စိုးရိမ်တတ်တယ်..
ခွေးများကိုသန့်ရှင်းရေးလုပ်ပေးရသူအဖြစ်လုပ်ပေးရသော အမျိုးသမီးတစ်ယောက်အားခွေးကကိုက်လိုက်သည်။ ထိုအခါနာကျင် မှုကိုသတိပြုမိသွားသောအလုပ်ရှင်ထံမှစိုးရိမ်ပူပန်သောအသံထွက်
လာသည်။
" ညည်းဘာပဲလုပ်လုပ်အဖြုရောင်ခွေးပေါ်မှာတော့သွေးမပေစေနဲ့ "
......................................................................................................
ကွာရှင်းလိုကြောင်း
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
"ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73
နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ
"ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"
.....................................................................................................................
တယ်ဟုတ်ပါလား
ကားမောင်းသင်ဆရာက အလွန်အကျွံကြောက်တတ်သူ တစ်ဦးအား ကားမောင်းသင်ပေးလျက်
ရှိသည်း သူမမှာ နှစ်လမ်းမောင်းလမ်းပေါ်တွင် တစ်ဖက်မှ ကားတစ်စင်း
ချဉ်းကပ်လာတိုင်း ကြောက်လန့် တကြားဖြစ်တတ်သည်။
" ဒီတစ်ခါ တယ်ဟုတ်ပါလား" အမောင်းသင်ဆရာက ပြောလိုက်သည်။ အမောင်းသင် အမျိုးတစ်မီးက " ဟုတ်ကဲ့၊ ကျွန်မက ဟိုဘက်က ကားတစ်စီးလာ တာမြင်ရင်
မျက်စိမှိတ်ထားတာကိုး"

ဟာသအတိုအထွာများ

ဖေဖေကောဘယ်တော့လဲ
"မေမေသားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်ကအန်တီလေးကိုဖက်နမ်းတယ်ဗျ သိလား"
"နေပါစေသားရယ် ၊ သူတို့က လက်ထပ်တော့မှာပဲ"
"ဒါဆိုသားတို့ဖေဖေရော အိမ်ဖော်မလေးကို လက်ထပ်တော့မှာလားဟင်"
ကာကွယ်ရေးပစ္စည်း
ဆေးဆိုင်ရှေ့မှာ ကောင်လေးတစ်ယောက် ခြေတုန်ချတုန်ဖြစ်နေသည်။ စိတ်ဆုံးဖြတ်ကာ ဝင်သွားလေသည်။ ဆိုင်ထဲသို့ ရောက်သောအခါ အရောင်းစာရေးမကို တိုးတိုးပြော၏။ တိုးတိုး ပြောလို့ သူဘာပြောလဲ ကျွန်တော်မကြားပေမယ့် စာရေးမ ကျယ်ကျယ်ပြန်ပြောတာ ကိုတော့ ကြားလိုက်ရသည်။
"ဘာကာကွယ်ရေးပစ္စည်းလဲ ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ၊ ကာကွယ်ရေးဝန်ကြီးဌာန မဟုတ်ဘူး" တဲ့လေ...
စကားနိုင်လုကြစို့
ချာတိတ်နှစ်ယောက် တယောက်ကိုတယောက်အားကျမခံ စကားနိုင်လုနေကြသည်။
"ငါ့အကိုက မင်းအကိုထက်သာတယ်ကွ"
"မသာဘူး ငါ့အကိုကသာတယ်"
"ငါ့အဖေက မင်းအဖေထက်သာတယ်ကွ"
"မဟုတ်ဘူး ငါ့အဖေကသာတယ်"
"ငါ့အမေက မင်းအမေထက်သာတယ်ကွ"
"အေး....အဲဒါတော့မှန်တယ်။ ငါ့အဖေကလည်း အမြဲပြောတယ်ကွ"

ဂျီတော့

ထူးခြားဆန်းပြားသောကျောင်းတော်ရာဘုရားမှငါးကြီးများ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ၊ ကျောင်းတော်ရာ ဘုရားရှိအထင်ကရ အမှတ်အသားတစ်ခုကတော့ ငါးကြီးများ လာရောက်
ဖူးမျှော်ခြင်းပါ။ ထူးခြားချက်အချို့ကိုရှင်းပြလိုပါတယ်။
သမိုင်းနောက်ခံ
ဘုရားရှင်တော် သီတင်းသုံးဖို့ စူဠပုဏ္ဏ ကုန်သည်ဟာ ဆန္ဒကူးသစ်များကို ခုတ်လှဲပြီးမုန်းချောင်းအတိုင်း မျှောလာခဲ့
ပါတယ်။ ဆန္ဒကူးသစ်ရဲ့အနံဟာမွေးကြိုင်သင်းပျံ့တာကြောင့်တစ်ကြောင့် ၄င်းတို့အပေါ်စွဲလမ်းတပ်မက်သောစိတ်ရှိ
ကုန်သော ဘီလူးများ ဟာ ငါးအဖြစ် လာရောက် လိုက်ပါလာကြတယ်ဆိုပါတယ်။
ထူးခြားချက်များ
၁။ ၀ါထပ်ဝါငင် ကိုသိရှိခြင်း။
၂။ သွားရောက် မခေါ်ဆောင်ပဲ မလာခြင်း။
၃။ ၀ါတွင်းကာလကျော်လွန်ပါက ပြန်သွားတတ်ခြင်း။
၎။ ငါ့းများမှာ ကြီးမားသောလည်း အသားစားသောဓလေ့မရှိခြင်း၊
၅။ ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ပါက အိပ်မက်ပေးတတ်ခြင်း၊
၆။ တစ်စုတစ်စည်းတည်းဖြစ်သော်လည်း အန္တရာယ်မပေးခြင်း။
၇။ လူများအားကူညီတတ်ခြင်း။
၈။ သက်သက်လွတ်အစားဖြစ်သော ဖွဲနု၊ ထမင်းဆုပ် ပေါက်ပေါက် ဆုပ်များသာစားသောက်ခြင်း။
သို့ဖြစ်ပါသောကြောင့် ဘာသာဝင်များနှင့် အခြားဘာသာဝင်များ ကလည်းအံ့သြမကုန်နိုင်ဖြစ်ရခြင်း။ ယခင်ကာလများကဆိုရင် ရွှေချထားသော ငါး( လှေငယ်လောက်တော့ ရှိမည်ထင်ပါသည်) ရှိခဲ့ပါတယ်။
ယနေ့ခေတ်လေ့လာသုတေသနပြုမှု
သိပ္ပံပညာရှင် များပါသော အဖွဲ့တစ်ဖွဲ့ဟာ ၁၉၉၅ လောက် က သုတေသနပြုခဲ့ပါတယ်။ ဖော်ပြချက်အချို့ကတော့
၁။ ငါးများသည် ငါးထွေငါးအမျိုးအစားမျာ့းဖြစ်ခြင်း (မှတ်ချက်။ ။ ငါးထွေငါးမျိုးများသည် တစုတည်းနေထိုင်သော
ဓလေ့မရှိဟုသိရပါသည်။)
၂။ ၀ါတွင်းကာလသည် ရေကျ ( ရေအများဆုံးကာလဖြစ်သည်) ချိန်ဖြစ်သောကြောင့်တစ်ကြောင်း၊ ၄င်းအချိန်တွင်
အစားအသောက် ရရန်လွယ်ကူသော နေရာစြဖ်သောကြောင့်လည်းကောင်း။ သားပေါက်ရန် ကာလဖြစ်သော
ကြောင့်လည်းကောင်း။ လာရောက်ခိုလှုံသည်ဟုမှတ်ချက်ပြုပြောဆိုပါသည်။
သိပ္ပံပညာရှင်များမဖော်ထုတ်နိုင်သောအချက်များ
၁။ ငါးများကို အိုးစည် ဗုံ များဖြင့် တာဝန်ရှိသူများ နှင့် ကျောင်းတော်ရာဘုရား ဘုန်းဘုန်းတို့နှင့် မုန်းချောင်း နှင့်ဧရာ
ဝတီမြစ်ဆုံရာသို့ သွားရောက်ခေါ်ယူစဉ်စောင့်ကြည့်လေ့လာပါသော်လည်း မည်သည့်နေရာမှရောက်ရှိလာခြင်းကို
မသိရှိခြင်း။
၂။ ငါးထွေငါးမျိုးများသည် အသားစားသတ္တ၀ါမျိုးဖြစ်သော်လည်း ကျောင်းတော်ရာဘုရားရှိငါးများသည် အသားလုံးဝမစားခြင်း။
၃။ ငါးထွေငါးမျိုးများသည် အုပ်စုလိုက်နေသော အလေ့မရှိပဲ တစ်ကောင်တည်းကျက်စားသောဓလေ့ရှိခြင်း။
၎။ ၀ါတွင်းကာလကုန်ဆုံးသောအခါ ငါးများအပြန်လမ်းကို လေ့လာသောအခါ မုန်းချောင်း နှင့် ဧရာဝတီဆုံရာ
တွင်ဘယ်နေရာကို ရောက်ရှိပျောက်ကွယ်သွားသည်ကိုမသိရှိခြင်း။
ထို့ကြောင့် မမြင်ရသော ထူးခြားဆန်းကြယ်မှုများနှင့်ပြည့်နှက်နေသော ကမ္ဘာကြီးသည် အံ့သြဖွယ်ကောင်းပေစွ။
အားလုံးကိုလေးစားပါသည်။
ညိုမင်း

Thursday, January 15, 2009

Wednesday, January 14, 2009

ဗိုင်းရပ်စ် သတ်မယ် Explorcr ဆိုတဲ့ Virus သတ်နည်း

ပထမဆုံး Autoruns.exe ဆိုတာလေးကို Download ဆွဲချပါ။ ပြီးရင် .zip File ကိုဖြေပြီး C:WINDOWS အောက်ကိုပို့လိုက်ပါ။ ပြီးရင် Window+R နှိပ်လိုက်ရင် Box ပေါ်လာမယ်။ အဲဒီ Box ထဲမှာ autoruns လို့ရိုက်ထည့်လိုက်ရင်Boxတခုထပ်ပေါ်လာမယ်။အဲဒီ Box ထဲက HKLM/SOFTWARE/Microsoft/Windows/CurrentVersion/Run အောက်က explorcr ဆိုတာ ကို one click ပေးပြီး Delete နဲ့ ဖြတ်လိုက်ပါ။ ပြီးရင်ထွက်လို့ရပါပြီ။
Ctr+Alt+Del ကိုနှိပ်ပါ။ ပေါ်လာတဲ့ Box က Processes ကို Click ပါ။ အဲဒီအောက်မှာ explorcr.exe ဆိုတာကို Click ပြီး ညာဘက်အောက်ဆုံးက End Process ကို Click ရင် Box ပေါ်လာမယ် Yes ကိုရွေးလိုက်ပါ။
My Computer ထဲဝင်လိုက်ပါ။ ပြီးရင်အပေါ်ဆုံးဘားတန်း Tools အောက်က Folder Options ကို Click ပါ။
Folder Options Box ပေါ်လာရင် View ကို Click ပါ။ View အောက်က Show hidden files and folders ကို Click ပေးပါ။ သူ့၂ခုကျော်က Hide protected operating system files (Recommened) ဆိုတဲ့ အမှန်ခြစ်ပေးထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးထွက်လိုက်ပါ။
သင့် mp3(သို့)mp4 ကိုတတ်ထားပါ။ mp3(သို့)mp4 ထဲဝင်မယ် ဆိုလျှင် Double Click နှိပ်ပြီးမ၀င်ပါနဲ့ Window+E နှိပ်လိုက်ပါ။ My Computer Box ပေါ်လာပါလိမ့်မယ်။ အဲလိုပေါ်လာရင်ဘယ်ဘက် Box က သင့် mp3(သို့)mp4 ကို Click ပေးပြီးဝင်ပါ။ ၀င်ပြီးရင် mp3(သို့)mp4 ထဲမှာ.exe ဆိုပြီ ၂ခုရယ် Autoruns ဆိုတာရယ်ရှိပါမယ်။အဲဒီ ၃ခုကမှိန်နေပါမယ်။ အဲဒီ ၃ခုကိုဖြတ်လိုက်ပါ။
သေချာကြည့်ဖြတ်ပါ သင့်မှုလ Folder ကလည်းမှိန်နေပါတယ်။ အဲဒီ Folder ကို right-click ပေးပြီး properties ထဲဝင်ပါ။ Box တခုတတ်လာပါမယ် Hidden ဆိုတာကို click ပေးထားတာကို ဖြုတ်လိုက်ပြီး OK နှိပ်လိုက်ရင် Box တခုထက်တတ်လာပါမယ်။ Apply changes to this folder only ကို click ပေးပြီး ok နှိပ်ပါ။ပြီးရင်စောစောက Box မှာ ok ထက်နှိပ်ပါ။
Window+R နှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ပေါ်လာရင် Ctr+F နှိပ်လိုက်ရင် Box တခုတက်လာပါလိုက်မယ်။ Find What: ဆိုတဲ့နေရာမှာ explorcr လို့ရိုက်ပြီး Find Next ကို Click ပါ။အဲဒီမှာ explorcr virus နေရာယူထားတဲ့နေရာ တွေကိုပြပါလိုက်မယ်။delete လုပ်ပါ။ပြီးရင် F3 နှိပ်ပါ။ explorcr virus နေရာယူထားတဲ့နေရာထပ်ပေါ်လာပါမယ်။အဲလိုပဲ F3 နှိပ်ပြီးမကုန်မချင်း ဖြတ်ပါ။အဲဒါပြီးရင်တော့ပြီးပါပြီ။

Wininit.exe ဆိုတဲ့ ဗိုင်းရပ်သတ်မယ်

Wininit.exe ဗိုင်းရပ်စ်ကိုစသတ်တော့မယ် ဆိုရင် အရင်ဆုံးဒီ Autoruns.exe ဆော့ဖ်ဝဲလ်လေးကို အရင်ဖွင့်ပါ။ အဲဒါလေးပေါ်လာရင် Wininit.exe run ထားတာကိုရှာပါ။ တွေ့ရင် delete နဲ့ဖျက်ပါ။
ဒုတိယအဆင့်
Task Manager(ctrl+alt+del) နှိပ်ပါ။ အဲဒီကတဆင့် processes ကိုနှိပ်ပါ။ အဲဒီအောက်မှာ Wininit.exe run နေတာကို End Process ပေးလိုက်ပါ။ Yes (or) No မေးရင် Yes ရွေးလိုက်ပါ။
တတိယအဆင့်
My Computer (window+e နဲ့နှိပ်ဖွင့်ပါ) Tools အောက်က Folder Option ကို နှိပ်ပါ။ Folder Option Box ပေါ်လာရင် View ကိုသွားပါ။
အဲဒီမှာ Show Hidden Files and Folder ကို ရွေးပါ။ အောက်နည်းနည်းထပ်ဆင်းပါ။
Hide Protected Operating System File (Recommended) ကိုအစကို အစိမ်းလေးပေးထားတာတွေ့ပါမယ်။ ပိတ်လိုက်ပါ။ ပိတ်လိုက်ရင် Yes (or) No မေးပါမယ်။ Yes ရွေးပါ။ အဲဒါတွေပြီးရင် C:\WINDOWS အောက်မှာ autorun.inf ဆိုတာတွေ့ပါမယ် shift+del နဲ့ဖျက်ပါ။ ပြီးသွားရင် C:\WINDOWS\system32 အောက်မှာ ၀င်နေတဲ့ Virus Wininit.exe ကိုရှာကြည့်ပါ။ တွေ့ရင် shift+del ထပ်ဖျက်ပါ။
နောက်ဆုံးအဆင့်
Window+R ကိုနှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ ပေါ်လာရင် Ctrl+F(Find...) နှိပ်ပါ အဲဒီ box မှာ ၀င်နေသော Virus Wininit.exe ကိုရိုက်ထည့်ပြီးရှာပါ။ အဲဒီ Virus ၀င် run ထားတဲ့ နေရာတွေကိုရှာပြီးပြပါမယ်။ ရှာလို့တွေ့ရင်ဖျက်ပါ။ ဖျက်ပြီးရင် F3 (Find Next)ကီးကိုနှိပ်ပါ။ Virus ၀င် run ထားတဲ့နေရာနောက်တစ်ခုကိုရှာပါမယ်။ တွေ့ရင်ဖျက်ပါ။ အဲလိုပဲ F3 ကိုနှိပ်ပြီးမကုန်မချင်ဖျက်ပါ။ အဲဒီအဆင့်ထိပြီးရင်တော့ Virus သေသွားပြီလို့ထင်ပါတယ်။ ကွန်ပြူတာပုံမှန်ဟုတ်မဟုတ်သိချင်ရင်တော့ restart လုပ်ကြည့်ပေါ့ဗျာ။
သတိထားရန်မှာ တွေ့သမျှဖျက်ဆိုပင်မယ့် ကျွန်တော်တို့ အခုတလော ၀င်ဖူးတဲ့ svchost.exe ဆိုတာမျိုးဆိုရင်တော့ ကြည့်ဖျက်သင့်ပါတယ်။ svchost.exe ဆိုတာအမှန်တကယ်တော့ system ဖိုင်ပါ။ Virus ကထင်ယောင်ထင်မှားဖြစ်အောင် svchost.exe ဆိုပြီး run နေပါတယ်။ svchost.exe ဆိုပြီး ဘယ်ဟာ Virus လဲဆိုတာက Task Manager ခေါ်ပြီး Processes ခေါ်လိုက်ရင် User Name ကိုနှိပ်လိုက်ရင် system အလိုက်စီသွားတယ်။ အဲဒီမှာ svchost ဆိုတဲ့ကောင်က ကျွန်တော်တို့ window တင်တုန်းကနာမည်ပေးထားတဲ့ နေရာမှာ run နေတာပါ။ အဲဒီမှာ svchost.exe run နေရင် Virus ပဲ။
မှတ်ချက်။ ။ Virus တော်တော်များများ ဒီနည်းနဲ့သတ်လို့ရပါတယ်။ Virus နာမည်လေးသာသိရင်သတ်လို့ရပါတယ်။

Saturday, January 10, 2009

သူတို့ရဲ့လျှို့ဝှက်ချက်

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...

"ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။

ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!" လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."

အဆိုးဆုံးတိရိစ္ဆာန်ကယ်ဆယ်ရေး

၁၉၇၈ ခုနှစ်... မီးသတ်သမားတွေ ဆန္ဒပြနေတာကြောင့် ဗြိတိန်တပ်မတော်က အရေးပေါ်မီးသတ် တာဝန်ယူထားတဲ့ ကာလ... ဇန်န၀ါရီလ ၁၄ ရက်မှာ လန်ဒန်တောင်ပိုင်းက အဖွားအိုတစ်ယောက် သစ်ပင်ပေါ်မှာ ပိတ်မိနေတဲ့ သူ့ကြောင်လေးကို ကယ်ဆယ်ပေးဖို့ အကူအညီတောင်းတဲ့ ဖုန်းဝင်လာပါတယ်။ သူတို့ မြန်မြန်ဆန်ဆန်ပဲ ရောက်သွားပြီး ခဏလေးနဲ့ တာဝန်ကို ဆောင်ရွက်လို့ ပြီးသွားပါတယ်။ သိပ်ဝမ်းသာသွားတဲ့ အဖွားအိုဟာ သူတို့အားလုံးကို လက်ဖက်ရည်သောက်ဖို့ ဖိတ်လိုက်ပါတယ်။ လက်ဖက်ရည်သောက်ပြီးတော့ ကြင်ကြင်နာနာ နှုတ်ဆက်အပြီး ကားကို မောင်းထွက်လိုက်တဲ့ အခါမှာတော့ ကြောင်ကို ကားနဲ့ကြိတ်မိပြီး ကြောင်ကလေး သေဆုံးသွားပါတော့တယ်...

အဆိုးဆုံးလေယာဉ်ပြန်ပေး

၁၉၇၆ ခုနှစ်တုန်းက အောင်မြင်မှုမရှိဆုံးသော လေယာဉ်ပျံပြန်ပေးဆွဲဖို့ ကြိုးစားခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကျွန်မတို့ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်တွင်း ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ အဲဒီလူဟာ ခုံပေါ်ကထ သေနတ်ကို ဆွဲထုတ်ပြီး လေယာဉ်မယ်ကို ဆွဲခေါ်လိုက်ပါတယ်။
"ဒီထရွိုက် (Detroit) ကို မောင်းကြစမ်း" လို့ သူတောင်းဆိုတော့...
"ကျွန်မတို့ ဒီထရွိုက်(Detroit)ကိုပဲ သွားနေတာပါရှင်..." လို့ လေယာဉ်မယ်က ပြန်ဖြေလိုက်ပါတယ်။
"သြော်... ကောင်းတယ် ကောင်းတယ်..." လို့ ပြောပြီးတော့ သူ့နေရာမှာ ပြန်ထိုင်လိုက်ပါတော့တယ်...

အဆိုးဆုံးဘဏ်ဓားပြ

၁၉၇၅ခုနှစ် သြဂုတ်လတုန်းက လူသုံးယောက်ဟာ ရော့သ်စီ (Rothesay) မှာရှိတဲ့ စကော့တလန်တော်ဝင်ဘဏ်ကို ဓားပြတိုက်ဖို့ အလာမှာပဲ ဘဏ်ရဲ့ဆုံလည်တံခါး (Revolving Door) ထဲမှာ ပိတ်မိကြပါတယ်။ ဘဏ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပြန်ထွက်လာကြပြီး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောအပြီးမှာ ကသိကအောက် ဖြစ်စွာနဲ့ပဲ အဆောက်အအုံထဲက ပြန်ထွက်သွားကြပါတယ်။

မိနစ်အနည်းငယ်အကြာမှာ ဘဏ်ထဲကို ပြန်ဝင်လာပြီး ဘဏ်ကိုဓားပြတိုက်မယ့် သူတို့ရဲ့ရည်ရွယ်ချက်ကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဘယ်ဝန်ထမ်းကမှ သူတို့စကားကို မယုံကြပါဘူး။ ငွေသား ပေါင် ၅,၀၀၀ ကို တောင်းဆိုတဲ့အခါမှာတော့ ငွေကိုင်စာရေးချုပ်က သူတို့ကို ဟားတိုက်ရယ်ပြီး လာနောက်နေတာလို့ပဲ ထင်နေပါတယ်။ အဲဒါကြောင့် သူတို့ထဲက တစ်ယောက်က ကောင်တာပေါ်ကို ခုန်တက်လိုက်တဲ့အခါ ပြုတ်ကျပြီး ခြေချင်းဝတ် ညပ်သွားပါတယ်။ ကျန်တဲ့နှစ်ယောက်လည်း ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြရင်း ဆုံလည်တံခါးထဲမှာ ထပ်ပိတ်မိကြပြန်ပါတယ်...

Friday, January 9, 2009

မှတ်သားဖွယ်ရာ မဆိုမမိန့်များ

၁။တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။
၂။ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။
၃။အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။
၎။ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။
၅။ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။
၆။လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။
၇။ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။
၈။ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။
၉။တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။
၁၀။များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက်စေရန် ဖြစ်သည်။
၁၁။ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။
၁၂။သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။
၁၃။အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။
၁၄။စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခနှင့် ၀င်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။
၁၅။အနည်းငယ် ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများကို သင် စိုးမိုးထားနိုင်လိမ့်မည်။
၁၆။ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။
၁၇။လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။ လေကုန်ကြမ်းကိုသာ အသုံးပြုရသောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး ကုန်ကျစရိတ် မရှိ။
၁၈။တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။ လိုသလို အသုံးချပါလေ။
၁၉။ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ်သည်။
၂၀။ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြောင့် အရှုံးသက်သာ၏။ ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက် ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။
၂၁။ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ များတွင် လူငှားဖြင့် ဇွဲရှိပါ။
၂၂။လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။
၂၃။နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည် အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။

၂၄။မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊ လက်မပါ၊ လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့် ဘာမှ ပေးကမ်းစရာမလို၊ သက်သာ ပေ၏။
၂၅။ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့ သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။
၂၆။ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။ ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက် ပြင်နိုင်၏။
၂၇။မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။
၂၈။လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။
၂၉။လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။ အကြွေးများသူကို အကြွေးထပ်မပေးရဲတော့ပေ။
၃၀။လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။
၃၁။ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။
၃၂။ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။ သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။
၃၃။သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။
၃၄။ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲတတ်ပါစေ။
၃၅။ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။
၃၆။ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။ နွားဈေးကောင်းသည်။
၃၇။ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။
၃၈။အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို ပိုမို မြင်တွေ့နေရလိမ့်မည်။
၃၉။အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။
၄၀။ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည် အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း ဖြစ်သည်။
၄၁။ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို မသိသူများ ဖြစ်သည်။
၄၂။ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ ကျန်းမာခြင်း ဖြစ်သည်။
၄၃။ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။
၄၄။မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။ ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ ထူထောင်ပါ။
၄၅။ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဟုတ်ဟု ဆုံးဖြတ်ထားပါ။ ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန် စကားလုံးများကို ကျွမ်းကျင်စွာ အသုံးပြုပါ။
၄၆။စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော် အခြားဒဏ်များကို ပို ခံရစေနိုင်သည်။
၄၇။ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။ ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့် အချိန်မီ ပူးပေါင်းပါ။
၄၈။အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။၄၉။အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို ခက်ခဲခြင်းမှ ကာကွယ်ပါ။
၅၀။ပြသနာကင်းစင်အောင်နေခြင်းသည် ပြသနာရှာမည့်သူကို မျက်စေ့ကျစေနိုင်သည်။ မိမိက ဦးစွာ ပြသနာရှာထားခြင်းဖြင့် မိမိကို ပြသနာရှာမည့်သူ၏ ရန်မှ ကြိုတင်ကာကွယ်ပါ။
၅၁။ပြသနာဖြစ်အောင် စီမံခန့်ခွဲကိုင်တွယ်နိုင်ခြင်းသည် ထူးခြားသော အရည်အချင်း တစ်ရပ်ဖြစ်ပေသည်။ အရာရာကို မျက်လုံးဒေါက်ထောက်ကြည့်ရှုပြီး ပြသနာကို မီးခွက်ထွန်းရှာတတ်ပါစေ။

မြေခပန်း


ချစ်သူ . . .
ရှင်မွှေးလွန်းနဲ့မင်းနန္ဒာဇာတ်သိမ်းကို ပြင်ပေးဖို့
ငယ်ငယ်က အမေဆီမှာတောင်းဆိုဘူးတယ်
ခွန်ဆန်လောနဲ့နန်းဦးပြင် ဇာတ်သိမ်းကို
ပြင်ရေးလို့ စာမေးပွဲလဲကျခဲ့ဘူးတယ်
ရှိတ်စပီးယားသာ ငါ့အဖိုးဖြစ်ခဲ့ရင်
ယိုမီရိုနဲ့ဂျူးလိယက် ဇာတ်သိမ်းကိုပြင်ခိုင်းမိမှာပဲ


ချစ်သူ . . .
မင်းနဲ့ဝေးတဲ့ငါ့ရင်မှာ အလွမ်းတွေဝေနေတယ်
အဲဒီအလွမ်းတွေသာ ပန်းတွေဖြစ်ခဲ့မယ်ဆိုရင်
အဲဒီပန်းတွေကို မင့်ခေါင်းမှာပန်ပေးလိုက်ချင်ပါတယ်

ချစ်သူ . . .
အဲဒီပန်းတွေက . . .
သဇင်လို တော်မ၀င်ဘူး
ကျူးလစ်လို အရောင်သွေးမစုံဘူး
ရနံ့ကလဲ မွှေးချင်မှမွှေးမယ်
ဒါပေမယ့် ကိုယ်ပေးတဲ့ပန်းက ရာနှုန်းပြည့်ဖြူစင်ပါတယ်


ချစ်သူ . . .
အဆင့်ချင်းမတူလို့ မနမ်းရှိုက်လိုလဲ
အမိုက်သရိုက်လို မြေမှာချနင်းလိုက်ပါ
နင်းခြေသူကို စူးစေမဲ့
နှင်းဆီလိုဆူးမျိုးလဲ ငါ့အလွမ်းတွေမှာတပ်မထားပါဘူး
လေအလာမှာမြေခတဲ့ ကြွေကျပေးမဲ့ခရေလိုပန်းမျိုးပါ

ချစ်သူ . . .
လေအလာမှာ ကြွေကျတဲ့ခရေလို
ငါ့အချစ်တွေ မြေခကုန်ပြီ
နင်းလိုကနင်း ပန်လိုကပန်

ချစ်သူ . . .
တကယ်တော့ငါ
နင်ဘ၀ထဲကို ဗီဇာမပါဘဲဝင်ခဲ့သူလေ